- 05 -

4.2K 480 29
                                    

ရှောင်းကျန့်က တိတ်ဆိတ်နေတယ်။ အရပ်ရှည်ရှည် သူ့ပုံရိပ်ဟာ ဝမ်ရိပေါ်ရဲ့ရင်ခွင်ထဲမှာ ကွေးကွေးလေး လုပ်ထားတယ်။ သူ့မှာ သူ့ရဲ့အစွယ်တွေ၊ လက်သည်းချွန်တွေ တကယ်ကို မရှိတော့ဘူး။

သူ့လက်ချောင်းတွေနဲ့ဆိုရင် ရှောင်းကျန့်မှာ ခံနိုင်ရည်မရှိမှန်း ဝမ်ရိပေါ် သိတယ်။ ဒါပေမဲ့ ဒီလောက်ထိ အားပြင်းသွားလိမ့်မယ်လို့တော့ သူ မထင်ထားခဲ့ဘူး။

အစတုန်းကတော့ ရှောင်းကျန့်ရဲ့ တုန်လှုပ်နေမှုဟာ ဝမ်ရိပေါ်အတွက် အပြည့်အဝ စိတ်ကျေနပ်စရာဖြစ်ခဲ့တယ်။ ဒါပေမဲ့ သူ လွှတ်ပေးလိုက်တဲ့အချိန်၊ ရှောင်းကျန့်ကို ဆိုဖာပေါ် တင်ပေးပြီး ရေသွားခပ်ဖို့ ပြင်တဲ့အချိန်မှာ ရှောင်းကျန့်က ဝမ်ရိပေါ်ရဲ့အင်္ကျီစကို ဆွဲလို့ ပြောလာတယ်။

"မသွားနဲ့"

အိပ်ရာပေါ်မှာဆိုရင် ဝမ်ရိပေါ်ကို လွှတ်မပေးဘဲ ဆွဲထားရတာမျိုးကို ရှောင်းကျန့်က သဘောကျတယ်။

ဝမ်ရိပေါ် ဆိုဖာပေါ်မှာ ထိုင်လိုက်တယ်။ ရှောင်းကျန့်က ဆိုဖာပေါ်လှဲလိုက်ပြီး သူ့ခေါင်းကို ဝမ်ရိပေါ်ရဲ့ပေါင်ပေါ်တင်တယ်။ ဝမ်ရိပေါ်ရဲ့အင်္ကျီကို မ, လိုက်ပြီး သူ့ခေါင်းကို အင်္ကျီထဲ ထည့်တယ်။ ပြီးတာနဲ့ သူ့နှုတ်ခမ်းကို ဝမ်ရိပေါ်ရဲ့ဗိုက်ပေါ် ဖိကပ်ထားတယ်။

ဝမ်ရိပေါ်ဟာ သူ့အင်္ကျီအောက်က ရှောင်းကျန့်ရဲ့ခေါင်းကို ထိကိုင်ရင်း မေးလိုက်တယ်။

"ချစ်သည်း ငါ မသွားပါဘူး"

"ငါ မင်းကို ဘယ်လောက်မုန်းမုန်း၊ မင်း မသွားရဘူး"

"မသွားဘူး"

"လိမ်တယ်"

ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ရဲ့အင်္ကျီအောက်မှာ ခေါင်းထည့်ထားရင်း တွေးကြည့်တယ်။ ဝမ်ရိပေါ်က သူ့ကိုချစ်တယ်။ ရှောင်းကျန့် သူ့ကို ချစ်သလိုမျိုး။

ဒါပေမဲ့ အကယ်၍များ တနေ့နေ့မှာ သူ အိပ်ခန်းထဲ ပြေးဝင်လိုက်လို့ ဝမ်ရိပေါ်ဟာ တခြားလူတယောက်နဲ့ အိပ်ရာပေါ်မှာ ရှိနေခဲ့မယ်ဆိုရင်၊ အဲ့လိုဆိုရင် သူ အရင်ရည်းစားဟောင်းကို ချေချခဲ့သလိုမျိုး ချေနိုင်ပါဦးမလား? ဝမ်ရိပေါ်ရဲ့ ကိုယ်လုံးတီးပုံအကြောင်း ထည့်မတွေးရသေးဘဲနဲ့လေ?

Finger ||Completed||Where stories live. Discover now