- 15 -

2.7K 379 55
                                    

ရှောင်းကျန့်က သူ အလုပ်အကိုင်ပြောင်းမယ်၊ မပြောင်းဘူးဆိုတဲ့အပေါ် ရှင်းရှင်းလင်းလင်း မပြောဘူး။ သူ ဝမ်ရိပေါ်ကို ပြောလိုက်တယ်။

""Change the Sky" ကို တည်းဖြတ်တဲ့နေရာမှာ တခုခုမှားနေတယ်။ ငါ အကြံတချို့ပေးခဲ့ပြီး နောက်ပိုင်းကိစ္စတွေမှာ ပါဝင်ခဲ့တယ်"

ဝမ်ရိပေါ်တယောက် ပေကျင်းကနေ ထွက်ခွာသွားတဲ့နောက် အချိန်ဇယားတွေက နေ့တိုင်းရှိနေတယ်။ အသံသွင်းတာတွေ၊ အစမ်းလေ့ကျင့်တာတွေ၊ publicity တွေ၊ ကြော်ငြာတွေ......စသဖြင့်။ ပေကျင်းကို တခါပဲ ပြန်လာဖြစ်တယ်။

ရှောင်းကျန့် ဘယ်လို Coverage တွေ လုပ်နေလဲ၊ သရုပ်ဆောင်အလုပ်ကနေ ထွက်ဖြစ်မှာလားဆိုတာတွေကို နားလည်ဖို့ သူ့မှာ အချိန်မရှိဘူး။

ရှောင်းကျန့်ဘက်ကလည်း တဆင့်ချင်းစီ သွားနေတယ်။

အရင်က အင်တာဗျူးထားတဲ့ နန်းတွင်းကားဟာ ရှောင်းကျန့်အတွက် ထိပ်တန်းအရေးပါမှုတခုဖြစ်တယ်။

လုကျယ်ဟာ နာမည်ကြီး screenwriter ကို တွေ့လို့ မေးကြည့်တဲ့အခါ ဇာတ်လမ်းတွဲတခုလုံးအတွက် ideas တွေကို သေချာမသုံးသပ်ရသေးဘူးတဲ့။ အခုလက်ရှိမှာ စာချုပ်ပေါ် လက်မှတ်ထိုးထားတဲ့ ခေါင်းဆောင်မင်းသားနဲ့ မင်းသမီးနေရာကလွဲရင် တခြားသရုပ်ဆောင်တွေဟာ စာချုပ်လက်မှတ်မထိုးရသေးခင် ဇာတ်ညွှန်း ပြန်လည်ပြင်ဆင်တဲ့အချိန်ကို စောင့်နေရမှာဖြစ်တယ်။

Screenwriter သေချာပြောသွားတဲ့အချက်ကတော့ နွေဦးပွဲတော်မတိုင်ခင် သေချာပေါက် စတင်မယ့်အကြောင်းဖြစ်တယ်။

ရှောင်းကျန့်က မင်းသားနံပါတ် ၂ နေရာကို သရုပ်ဆောင်ချင်တုန်းပဲ။ အချိန်ဇယားကို အဲ့အတွက် ချန်ကို ချန်ထားရမယ်။ ပရောဂျက်ကောင်းတွေကို လက်မလွှတ်ချင်ဘူး။

ရှောင်းကျန့်ဟာ တခြား Audition ဝင်ရမယ့်အခွင့်အရေးတွေကို တကူးတကကြီး လိုက်ရှာနေတာမျိုး မလုပ်ဘူး။ သူ ကုမ္ပဏီကို တပတ် ၃-၄ ကြိမ် သွားပြီး လုကျယ်နဲ့အတူ "Change the Sky" ရဲ့ ဇာတ်လမ်းတွဲ review နဲ့ ထုတ်လုပ်ရေးပိုင်းတွေ စီစဉ်တယ်။

သူတို့နှစ်ယောက် အတူနေဖို့ စဉ်းစားခဲ့တုန်းက ရှောင်းကျန့်အထင်မှာ သူနဲ့ ဝမ်ရိပေါ်ဟာ တနှစ်တောင် မခံလောက်ဘူးလို့ပေါ့။ ၄ နှစ်ကြာပြီးတဲ့အထိ ရှောင်းကျန့်က ဝမ်ရိပေါ်ကို ဆက်ချစ်နေတုန်းပဲ။ သူ ဝမ်ရိပေါ်နဲ့ ခွဲမနေနိုင်တော့ဘူးလို့ ခံစားမိတဲ့အထိ။

Finger ||Completed||Where stories live. Discover now