ပြန်ရောက်ကတည်းရေမိုးချိုးပြီး အိပ်လိုက်တာ ညစာစားဖို့အငယ်ကောင် လာခေါ်မှနိုးလေသည်။အငယ်ကောင် အိပ်ရာပေါ်ကဆွဲထူပြီး သူဆွဲခေါ်ရာသို့လိုက်ရင်း မပွင့်သေးသော
မျက်လုံးကို အတင်းဖွင့်နေရသည်။ထမင်းဝိုင်းမှာ ဝင်ထိုင်ရင်း အဖေနဲ့အမေရဲ့ အကြည့်ကို သွားဖြဲပြီး ရယ်ပြလိုက်သည်။"သမီးရယ် ညနေဘက်ကိုအိပ်ရလား ညနေဘက်ထိအိပ်ရင်ဖျားတက်တယ် ခုရောမျက်လုံးက မပွင့်ဘူး မျက်နှာမသစ်လာခဲ့ဘူးလား"
"မျက်နှာသစ်ဖို့နေပါ အမေသားကဆွဲထူပြီး ခေါ်လာတာ သမီးကအိပ်မက်လို့ထင်နေတာ"
"သွားဘေစင်မှာ မျက်နှာသွားသစ်ချေ "
"ဟား ဟား အမေ့သမီးကအရင်လိုမဝတော့လို့ မဟုတ်ရင်အအိပ်ပုတ် အစားပုတ်နဲ့ ဝက် မဖြစ်တော့လို့ "
"ဟဲ့ ငါကြားတယ်နော် အတင်းမတုတ်နဲ့ ငါစားသလောက် မဝတာကိုနင်မနာလိုနေတာမလား "
"ဖြစ်ရလေ"
"ကဲ စားကြတော့ ကိုက် မနေနဲ့"
အငယ်ကောင် ပြောလဲပြောချင်စရာပါ ငယ်ငယ်ကဝသလောက် ကြီးလာတော့ အစာအိမ်
ဖြစ်ပြီး ကတည်းကပိန်ကျသွားတာ စားသလောက် မဝတော့ပေ ။ အမေလက်ရာ
ကင်ပွန်းချဉ်အရည်သောက်နဲ့ ငါးကြော်
အပျိုကြီးပဲလို့ခေါ်တဲ့ပဲကို ပြုတ်ပြီးသုပ်ထားသည်။စားသောက်ပြီး Tv ခနကြည့်ပြီး
အခန်းထဲဝင်လာခဲ့သည်။စာခနဖတ်နေတုန်း သူဆီကဖုန်းဝင်လာသည်။ခုပဲစာဖတ်နေရင်းသူကို သတိရနေတာဖြစ်သည်။စာအုပ်ထဲက မင်းသားကိုစိတ်ကူးနဲ့ပုံဖော်ရင်း သူမျက်နှာကိုမြင်ယောင်မိနေုခြင်းကြောင့် ကိုယ်ကိုကိုယ်ရူးနေပြီ လားလို့တောင်ထင်နေသည်။
"ဟယ်လို ချာတိတ်ဘာလုပ်နေလဲ"
"ဖုန်းပြောနေတာပါရှင့်"
"ဟာ ဘယ်လိုပြောနေတာလဲချစ်စရာလေး"
"ဂလိုပဲပြောတက်တယ် သူဌေးရော ဘာလုပ်နေတာလဲ "
"ဘယ်လိုကြီးခေါ်လိုက်တာလဲ ချာတိတ်ရာကိုယ့်ချစ်သူကို တစ်ခုခုပြောင်းခေါ်ပါလား"
"ဘယ်လိုခေါ်ရမှာလဲ အရင်ကရည်းစားထားရင် ကို ဆိုပြီးခေါ်ချင်တာ ခုတော့ဉီးလေးအရွယ်ကို ရည်းစားတော်ထားတော့ ဉီးလို့ခေါ်ရမလား အာမသိတော့ဘူး သူခေါ်ခိုင်းချင်တာရှိရင်ပြောလေ"
![](https://img.wattpad.com/cover/296393720-288-k759886.jpg)
YOU ARE READING
ရင်ခွင်ကောင်းကင် zawgyi
RomanceStar entertainment ရန်ကုန်မြို့လယ်မှာရှိပြီး မြန်မာနိုင်ငံမှာအကြီးဆုံးသူလက်အောက်မှာဌာနပေါင်းများစွာအောင်မြင်တဲ့သရုပ်ဆောင်အဆိုတော်များစွာမွေးထုတ်ထားပြီး သူတို့ရဲ့ceo ကတော့အသက်သုံးဆယ်ကျော်ခန့်ညားတဲ့ရုပ်ရည်ရှိတာတောင် မိန်းမမပြောနဲ့ချစ်သူရည်းစားတောင်မရ...