ပီတိအလုပ်သွားဖို့အတွက်ပြင်ဆင်ပြီးတာနဲ့အောက်ထပ်သို့ ဆင်းလာခဲ့သည်။ထမင်းစားခန်းထဲရောက်တော့ အဖေနဲ့ကျောင်းပိတ်လို့မနက်ပိုင်းမတွေ့ရတက်တဲ့မောင်လေးကမုန့်ထိုင်စားနေသည်။မေမေက သူမဝင်လာတာနဲ့မုန့်ပန်းကန်ကိုယူလာကာ သူမရှေ့ချလိုက်ပြီး ဝင်ထိုင်သည်။သူမရှေ့က အုန်းနို့ခေါက်ဆွဲကိုကြည့်ပြီး သူမစားလိုက်ရာအမေလိုက်ရာရှယ်ဖြစ်နေဆဲပင် အုန်းနို့ခေါက်ဆွဲဆို ပဲမှုန့်နဲ့မချက်ပဲ ကုလားပဲကို ပြုတ်ပြီးထောင်းချက်တာကပိုအရာသာရှိသည်လေ။စားနေရင်းပဲကြော်ထည့်ထားသော ပန်းကန်ကိုနှိုက်
ရာ အငယ်ကောင်လက်နှင့်ဆုံသည်။နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် မျက်စောင်းခဲလိုက်သည်။ဟုတ်တယ်လေ
ပဲကြော်က တစ်ခုပဲရှိတော့တာကို။" သားက အငယ်နော် အငယ်ကိုဉီးစားပေး သားစားမှာ"
"အောင်မာ ငယ်တိုင်းပေးစရာလား မပေးဘူး
ငါစားမှာ""ဟိုနှစ်ကောင်မကိုက်နဲ့တစ်ခုပဲရှိတာ တစ်ဝက် ဝက်ပြီးစား ကြ မွေးထားတာနှစ်ယောက်ထဲကို မတည့်ဘူးတစ်မအေထဲမွေးထားတာနော် တစ်ယောက်နဲ့တစ်ယောက်ဉီးစားပေးမှပေါ့ မေမေသိပ်မပြောချင်ဘူး"
မေမေ ဆူလိုက် မှနှစ်ယောက်သား ခေါင်းလေးညိတ်ကာ
"ဟုတ်ကဲ့" ပြိုင်တူပြောလိုက်ကာနှစ်ယောက်သား အကြော်ကိုပိုင်းကာစားလိုက်သည်။စားပြီးတာနဲ့ အလုပ်သို့ထွက်လာခဲ့သည်။အလုပ်ရောက်လို့ သူမ ကိုကိုရုံးခန်းသို့ကော်ဖီဖျော်ပြီး သွားပို့တော့ ကိုကျော်စွာမတ်တပ်ရပ်ကာ
သူကတော့ ဖုန်းပြောနေသည်။သူကတစ်ချက်သူမကိုလှမ်းကြည့်ကာ ဖုန်းဆက်ပြောနေတာကြောင့် သူမအခန်းထဲကပြန်ထွက်လာပြီး အလုပ်လုပ်နေလိုက်သည်။ကောင်းကင်တစ်ယောက်သူကုမ္ပဏီက ခုထွက် မဲ့ရုပ်ရှင်ကားအတွက် ပြသခွင့်ရဖို့ လူကြီးတစ်ချို့နဲ့ သူကိုယ်တိုင်သွားတွေ့ဖို့လိုတာကြောင့် သွားတွေ့ရမည်။သူအခန်းထဲက
ထွက် မည်လုပ်တုန်း သူစားပွဲပေါ်က သူမဖျော်ထားတဲ့ ကော်ဖီကိုမော့သောက်ကာ
ထွက်လာခဲ့သည်။ပီတိတစ်ယောက်နေလည်စာ စားချိန်ရောက်လာတာကြောင့်နေလညိစာစားဖို့ထွက်လာခဲ့သည်။စားနေရင်း သူရောအလုပ်ကိစ္စနဲ့အပြင်သွားတာ ထမင်းရောစားပြီးရဲ့လားမသိဘူး တွေးမိကာ သူကိုလွမ်းလာသည်။စားပြီး အလုပ်စားပွဲပေါ်ထိုင်ကာရှိသေး မမယုရောက်လာသည်။

ESTÁS LEYENDO
ရင်ခွင်ကောင်းကင် zawgyi
RomanceStar entertainment ရန်ကုန်မြို့လယ်မှာရှိပြီး မြန်မာနိုင်ငံမှာအကြီးဆုံးသူလက်အောက်မှာဌာနပေါင်းများစွာအောင်မြင်တဲ့သရုပ်ဆောင်အဆိုတော်များစွာမွေးထုတ်ထားပြီး သူတို့ရဲ့ceo ကတော့အသက်သုံးဆယ်ကျော်ခန့်ညားတဲ့ရုပ်ရည်ရှိတာတောင် မိန်းမမပြောနဲ့ချစ်သူရည်းစားတောင်မရ...