ကိုယ်ဝန်ရလာပြီ ဆိုကတည်းက အလုပ်သို့မသွားတော့ပဲ အနားမှာနေကာဂရုစိုက်လွန်းသော ကိုကိုကြောင့် သူမမှာ တစ်ခါတစ်လေ စိတ်ရှုပ်ရသည်ည်။ဟုတ်သည်လေ ဆရာဝန်ပေးထားသော ကိုယ်ဝန်ဆောင်အတွက်စာအုပ်ကို ဖတ်ပြီး တစ်ခုခုဆို ဟိုဟာမလုပ်နဲ့ဒီဟာမစားနဲ့ဆိုလို့ သူမမှာလုပ်ချင်တာမလုပ်ရ စားချင်တာမစားရပေ။အခုလဲ သူမရှောက်သီးသုပ်နဲ့ကြာဇံချက်လေး စားချင်လို့
သူခေါ်ပေးထားသော မိပုံ့ကိုသွားဝယ်ခိုင်းတာကို ကြားပြီးမစာားးခိုင်းတာမို့ စိတ်ကောက်ပြနေချင်းပါ။"ချာတိတ်ကလဲ မစာားးပါနဲ့ တစ်ခြားမစပ်ပ်တာစားလေ အပူအစပ်တွေက အထဲကကလေးအတွက်မကောင်းဘူးလေနော် ကိုကိုသွားဝယ်ပေးမယ်ပြော ဘာစားမှာလဲ"
"ဘာမှ မစာားးဘူးလာမပြောနဲ့"
နှုတ်ခမ်းကြီး စူကာရွှေစိတ်တော်ကောက်နေတာမို့ သူမတက်သာပဲ မိပုံ့စီသွားကာ
"ညည်းအမလေးအတွက် ရှောက်သီးသုပ်နဲ့ကြာဆံချက်ဆိုလား သွားဝယ်ပေးလိုက်
အစပ်လျှော့လာခဲ့ကြားလား""ဟုတ်"
မိပုံ့အား ဝယ်ခိုင်းလိုက်ပြီး မချောဆီသို့သွားလိုက်သည်။အိပ်ယာမှာ အိပ်ချင်ယောင်ဆောင်နေသော ချစ်ဇနီးမဗိုက်နားကပ်အိပ်ပြီး ဖက်ထားတော့ သူမလေးက သူလက်ကိုခါချသည်။
"မဆိုးနဲ့မေမေပေါက်စလေးရယ် စားချင်တာကို သွားဝယ်ခိုင်းထားပါတယ် ထမအိပ်နေနဲ့တော့"
"ဗိုက်ကလေးနေလို့ ခနလေးလှဲနေတာကို သူများတွေအပျိုဗိုက်ငါးလလောက်ဆိုမမြင်ရဘူးတဲ့ ဒီမှာတော့ ၅လကမွေးခါနီးဗိုက်လိုပဲ
ဖောင်းကားနေတာ ကိုယ်ခြေထောက်တောင်ငုံ့ကြည့်ရင်မမြင်ရတော့ဘူး""ကလေးထွားလို့နေမယ် နောက်လကျအက်ထရာဆောင်းရိုက်ရင် ဘာလေးလဲသိရမှာလေ အဲခါကျမှ ဆရာဝန်ကိုမေးရမယ် အားဆေးများသောက်လို့ထွားတာလားဆိုတာကိုလေ"
"ပီတိလဲ ဝလာသလိုပဲနော် ကိုကို"
"ကိုယ်ဝန်စရှိကတည်းက အစားအသောက်မှမပျက်တာ ဝမှာပေါ့ ဝပါစေအားရှိမှမွေးနိုင်မှာ ကိုကိုတောင်ချာတိတ်အစားပျက်မှာစိုး ရိမ်နေတာ"
ESTÁS LEYENDO
ရင်ခွင်ကောင်းကင် zawgyi
RomanceStar entertainment ရန်ကုန်မြို့လယ်မှာရှိပြီး မြန်မာနိုင်ငံမှာအကြီးဆုံးသူလက်အောက်မှာဌာနပေါင်းများစွာအောင်မြင်တဲ့သရုပ်ဆောင်အဆိုတော်များစွာမွေးထုတ်ထားပြီး သူတို့ရဲ့ceo ကတော့အသက်သုံးဆယ်ကျော်ခန့်ညားတဲ့ရုပ်ရည်ရှိတာတောင် မိန်းမမပြောနဲ့ချစ်သူရည်းစားတောင်မရ...