ငါးနှစ်ခန့်ကြာသော်
ဒီနေ့ အမွှာသားနှင့်သမီးလေးတို့ ငါးနှစ်ပြည့်မွေးနေ့ကို ခြံထဲမှာကျင်းပမှာမို့ သားနှစ်ယောက်နှင့်သမီးကို သူမအမေနဲ့ကိုကိုအမေက ပြင်ဆင်ပေးတာမို့ သူမအခန်းထဲတွင် မွေးနေ့ပွဲအတွက် ပြင်ဆင်နေမိသည်။မျက်နှာလေးကိုအသေးစိပ်ပြင်ပြီး စိတ်တိုင်းကျမှ
အဖြူရောင်ဂါဝန်လေးကို ဝတ်လိုက်တော့
ဂါဝန်ရှည်လေးက သူမကိုယ်လေးမှာ ချပ်ကပ်လို့နေသည်။ကလေးမွေးထားတာတောင်
အလှမပျက်လို့ သူမအားဘာဆေးစားလဲတောင် သိမ့်နဲ့မမယုကမေးသေးသည်။ကလေးထိန်းကအစ ငှားထားတာမို့သူမမှာ
ဟင်းချက်တာကလွဲလို့ အိမ်အလုပ်လဲသိပ်မလုပ်ရပေ။ကလေးတွေကို ထမင်းကျွေးတာ ညဘက်သိပ်တာကလွဲလို့ သိပ်မလုပ်ပေးရပေ။ခုသူတို့လေးတွေ ကျောင်းတက်တော့
ဖယ်ရီက အိမ်ရှေ့ထိမို့ အကြိုအပို့မလုပ်ရပေ အမွှာလေးတွေက သူတို့ကိုယ်သူတို့
နိုင်တာလေးတွေကို သူတို့ဘာသာလုပ်တက်သည်။သူတို့လေးတွေ ရေချိုးတာထမင်းစားတာကအစ သေသေသပ်သပ်လုပ်တက်သည်။သူမနဲ့ကိုကိုက သူတို့လေးတွေကိုယ်တိုင်လုပ်တက်အောင် စကားပြောတက်ကတည်းက လုပ်ခိုင်းတာမို့ တစ်ခါတစ်လေသူများလုပ်ပေးရင်တောင် မကြိုက်ပေ။"ချာတိတ် ဒီလည်ဆွဲလေး ဆွဲလိုက်နော်"
လည်တိုင်သို့ရောက်ရှိလာသော နီလာလည်ဆွဲကြောင့် ကိုကိုမျက်နှာကိုမော့ကြည့်တော့
"ကြိုက်တယ်မဟုတ်လား ဒီနေ့အတွက်ကိုကိုကိုယ်တိုင်ဒီဇိုင်းဆွဲထားတာ ချာတိတ်လည်တိုင်လှလှလေးနဲ့ လိုက်တယ် ရော့ဒါလေးတွေပါဝတ်"
ဗူးထဲမှ နားကပ်လက်စွပ် လက်ကောက်ဆင်တူလေးအား ဝတ်ဆင်ပြီး ကိုကိုလက်ကိုဆွဲကာ အမွှာလေးတွေဆီသွားလိုက်သည်။အခန်းထဲရောက်တော့ suitအပြည့်ဝတ်ထားသော သားနှစ်ယောက်က သမီးလေးအားကိုကိုမေမေပြင်ပေးတာကိုကြည့်နေသည်။ကိုကိုမေမေက သမီးဆံပင်အကောက်လေးကို စုပြီးစည်းပေးနေတုန်း သားကြီးနေကောင်းကင်ကအနားလာကြည့်ပြီး
"ဖွားဖွား အဲလိုစည်းတာမလှဘူး ကြယ်စင်ဆံပင်ကောက်ကောက်လေးက ဒီတိုင်းချမှလှတာ"
YOU ARE READING
ရင်ခွင်ကောင်းကင် zawgyi
RomanceStar entertainment ရန်ကုန်မြို့လယ်မှာရှိပြီး မြန်မာနိုင်ငံမှာအကြီးဆုံးသူလက်အောက်မှာဌာနပေါင်းများစွာအောင်မြင်တဲ့သရုပ်ဆောင်အဆိုတော်များစွာမွေးထုတ်ထားပြီး သူတို့ရဲ့ceo ကတော့အသက်သုံးဆယ်ကျော်ခန့်ညားတဲ့ရုပ်ရည်ရှိတာတောင် မိန်းမမပြောနဲ့ချစ်သူရည်းစားတောင်မရ...