ကောင်းကင်တစ်ညလုံး သူ့မာမီပြောစကားများကို တွေးနေမိသည်။မာမီက ချမ်းသာပြီး
ဆွေမျိုးကြီးထဲက တစ်ဉီးတည်းသောသမီးဖြစ်ပြီး သူ့ဒယ်ဒီနဲ့ယူတော့လဲ ဒယ်ဒီကလိုလေသေးမရှိအောင်ထားတာကြောင့်
မောက် မာတက်သည်။သူငယ်ငယ်လေးတုန်းက ကျောင်းတက်ကတည်းကပေါင်းမဲ့သူငယ်ချင်းကအစ လိုက်ချုပ်ချယ်တက်သည်။နောက်တော့ ဒယ်ဒီကနိုင်ငံခြားက ကုမ္ပဏီကိုအဘိုးဆီကအမွေရတော့ အဲ့မှာသွားနေသည်။သူမာမီက သူဒယ်ဒီကိုစိတ်မချလို့ဆိုတဲ့အကြောင်းပြချက်နဲ့သူ၈နှစ်အရွယ်မှာ အဖွားလက်ထဲထည့်ကာလိုက်သွားသည်။အစကတော့ သူပါမခွဲနိုင်လို့လိုက်သွားချင်ပေမဲ့ အဖွားကမထည့်ပေ မာမီကလဲသားကြီးရင်ခေါ်မှာပေါ့ဟု နှစ်သိမ့်ကာ ထားလိုက်သည်။နောက်တော့ မာမီပြန်လာတိုင်း
သူကိုလာခေါ်တာလို့ထင်ပေမဲ့ ခေါ်မသွားခဲ့ပါ။ငယ်စဉ္က ဝမ်းနည်းတက်ပေမဲ့ ကြီးလာတော့ သူမလိုက်ချင်တော့ အဖွားဆုံးတော့
သူမိဘတွေ ခေါ်တော့မလိုက်ခဲ့ပေ တစ်ခါတစ်လေပဲ သွားလည်ဖြစ်သည်။သေချာတာတော့ သူဟာမာမီစကားအားလုံးကို နားထောင်မယ့်သူမဟုတ်ပေ။သူမှာ အမှားအမှန်စဉ်းစားနိုင်စွမ်းရှိပါသည်။
"ပီတိရေ သူဌေးကနင့်ကို ကော်ဖီလာပို့ပါတဲ့"
"ဟုတ်ကိုတိုးကြီး သူဌေးကစောရောက်နေတာလား"
"အေးဟုတ်တယ် မထူးဆန်းပါဘူးသူဌေးကတစ်ခါတစ်လေစောနေတက်တယ်လေ"
ပီတိလဲကော်ဖီမြန်မြန် ဖျော်ပြီးသူရုံးခန်းသို့တက်လာခဲ့သည်။တံခါးဖွင့်ပြီး ဝင်လိုက်ကာကြည့်လိုက်တော့ သူကရုံခန်းထဲမှာမရှိတာကြောင့် သူမကော်ဖီခွက်ကိုစားပျွဲပေါ်တင်လိုက်သည်။ ဆိုဖာပေါ်မှာစောင့်ရင်း သူမမျက်လုံးမှေးစင်းလာတာကြောင့် အိပ်ပျော်သွားသည်။
ကောင်းကင် အရေးကြီးဧည့်သည်နဲ့သွားတွေ့ပြီး ပြန်လာကာရုံးခန်းတံခါးဖွင့်ပြီးထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။သူ့ရှေ့ ကကော်ဖီခွက်ကြောင့် သူမကိုခေါ်ထားမှန်းသတိရကာ
သူမကိုလိုက်ရှာလိုက်တော့ သူမကဧည့်သည်ထိုင်ခုံဆိုဖာရှည်ပေါ်မှာ အိပ်နေသည်။သူတစ်ချက်ပြုံးရင်း သူမဆီသို့လျှောက်လာလိုက်သည်။သူမက ရှေ့သူထိုင်ချလိုက်ပြီး မျက်နှာလှလှလေးကို အစိတ်အပိုင်းတစ်ခုချင်းစီ ကြည့်နေမိသည်။သူမမျက်တောင်ရှည်နဲမျက်လုံးလေးတွေကို သူနှုတ်ခမ်းနဲ့
ဖွဖွလေးနမ်းလိုက်သည် ။ထို့နောက်သူမနှာခေါင်းထိပ်လေးကို သွားနှင့်ဖွဖွကိုက်လိုက်တော့ သူမမျက်နှာလေးရှုံသွားကာ သူမမျက်လုံးလေး ပွင့်လာသည်။
YOU ARE READING
ရင်ခွင်ကောင်းကင် zawgyi
RomanceStar entertainment ရန်ကုန်မြို့လယ်မှာရှိပြီး မြန်မာနိုင်ငံမှာအကြီးဆုံးသူလက်အောက်မှာဌာနပေါင်းများစွာအောင်မြင်တဲ့သရုပ်ဆောင်အဆိုတော်များစွာမွေးထုတ်ထားပြီး သူတို့ရဲ့ceo ကတော့အသက်သုံးဆယ်ကျော်ခန့်ညားတဲ့ရုပ်ရည်ရှိတာတောင် မိန်းမမပြောနဲ့ချစ်သူရည်းစားတောင်မရ...