Ep-20

527 21 0
                                    

" ဟဲ့ သူဌေးလိုရေခဲတုံးကိုအရေပျော်အောင်လုပ်နိုင်တဲ့မိန်းကလေးက ဘယ်သူလဲသိချင်လိုက်တာ "

"အေးနော် သူဌေးကအနုပညာရှင်တွေနဲ့တောင် သတင်းမထွက်တာ ချစ်သူရှိပြီလဲဆိုရော ငါတော့ယုံတောင်မယုံနိုင်ဘူး အနုပညာရှင်ထဲကတော့ မဖြစ်နိုင်ဘူးလို့တော့ငါထင်တယ် နင်တို့ရော"

" ငါလဲထောက်ခံတယ် ခုတော့ငါတို့သူဌေးကို
ဂေးလို့ပြောမခံရတော့ဘူးပေါ့ သူဌေးကအသက်သုံးဆယ်ကျော်နေပြီဆိုတော့ ငါတို့
ပွဲတက်ရဖို့နီးလာပြီ သူဌေးချစ်သူကဘယ်သူလဲဆိုတာ အရမ်းသိချင်နေပါပြီနော်"

"ဟုတ်တယ် ဟုတ်တယ်"

ရုံးထဲကအကုန်လုံးထောက်ခံနေကြသည်။ပီတိတစ်ယောက် သူတို့နှစ်ယောက်အကြောင်း ကိုပြောနေကြသည်ကို နားသာထောင်ပြီ ဝင်မပြောချေ။သူ့ချစ်သူကသူမသာ ဆိုရင်သူတို့ထောက်ခံပါ့မလား ခုမှစဉ်းစားမိတယ် သူနဲ့ကိုယ်ကအလှမ်းကွာတယ်မလား ငွေကြေးဉစ္စာ ပညာ အရည်အချင်းအစစမှာ ကွာခြားသည် မေမေပြောသလို သူမကို သူ့အသိုင်းအဝိုင်းကလက်ခံပါ့မလား။သက်ပြင်းသဲ့သဲ့ ချကာ အလုပ်ဆက်လုပ်နေလိုက်သည်။မဖြစ်သေးခင် ဘာကိုမှသောကမရောက်ချင်ပေ အဓိက ကသူမမေတ္တာသူ့အပေါ် စစ်မှန်တာကြောင့် အခက်ခဲတွေကိုရင်ဆိုင်ကျော်ဖြတ်နိုင်ရမှာပေါ့။

ပီတိ တစ်ယောက် မနက်ဖြန်မွေးနေ့အတွက်
ခွင့်ယူဖို့ မမယုထံခွင့်တောင်းရန်လာခဲ့သည်။

"မမယု ပီတိခွင့်တစ်ရက်လိုချင်လို့ အဲဒါမနက်ဖြန်ယူလို့ရမလားဟင်"

"မနက်ဖြန် ညီမလေးအင်တာဗျူးရက်ချိန်းမရှိရင်တော့ ယူလို့ရပါတယ် ပြောပါအုံး နေမကောင်းလို့လား တစ်ခြားက္စိ္စရှိလို့လား"

"မရှိပါဘူး မနက်ဖြန်ကပီတိမွေးနေ့မလို့ပါ "

"အော်ရှင်လေးက ခွင့်ယူပြီးကျူပ်တို့ကျမကျွေးတော့ဘူးပေါ့ ဟုတ်လား"

"မဟုတ်ရပါဘူး နောက်တစ်နေ့ရုံးတက်တဲ့နေကျ အကုန်လုံးကိုဆိုင်မှာမုန့်လိုက်ကျွေးမှာပါမမရယ်"

"အလကား စတာပါမကျွေးလဲစိတ်မစိုးပါဘူး
ညီမလေးဆီကတောင် မယုတို့ကနေ့တိုင်းဟင်းတွေ ကပ်စားနေတာမဟုတ်လား တစ်ရက်ပဲခွင့်ယူမှာမလား မယုအထက်ကိုတင်ပေးမယ် စိတ်ချ"

ရင်ခွင်ကောင်းကင်  zawgyiDonde viven las historias. Descúbrelo ahora