Ep-16

533 23 0
                                    

ရုပ်ရှင်ပြီးတာနဲ့ သူကသူမလက်ကိုကိုင်ကာ
ထွက်လာလိုက်သည်။သူမက toilet ဝင်ချင်တာကြောင့် သူသူမပိုက်ဆံအိတ်လေး ကိုလွယ်ကာ သူမချွတ်ထားတဲ့အနွေးထည်ကို
လက် မှာချိတ်ထားရင်း စောင့်နေသည်။ခနနေတော့ သူမကထွက်လာသည်။

" ညနေတောင် ရောက်တော့မယ် အစာပြေတစ်ခုခု သွားစားရအောင် ဘာစားမလဲချာတိတ်"

"parisan မှာ ပေါင်မုန့်နဲ့ဖာလူဒါ သွားသောက် မယ်ကိုကို "

"အိုကေ အောက်ထပ်ဆင်းမယ်လာ"

သူမလက်ကိုဆွဲကာ အောက်ထပ်ဆင်းလာလိုက်သည်။အောက်ထပ်မှာ cosmetic ကောင်တာ တွေကို သူမကကြည့်နေတာကြောင့်
"ချာတိတ် လာ သွားကြည့်ရအောင် ကြိုက်တာတွေ့ရင် ယူနော်"

"မဟုတ်ဘူး ကိုကို ဒီတိုင်းကြည့်တာပါ"

"လာပါ ကိုယ့်ကောင်မလေး လှပနေဖို့ကကိုကိုတာဝန်လေ"

သူဆွဲခေါ်ရာ loreal ကောင်တာသို့ ပါလာတော့ သူမကြိုက်တဲ့ နှတ်ခမ်းနီလေးတွေကိုကြည့်နေလိုက်သည်။သူကတော့ အ​ရောာင်းးဝန်ထမ်းကို ဘာတွေမေးမြန်းနေတယ်မသိ
ခေါင်းတစ်ညိတ်ညိတ်နဲ့ နားထောင်နေသည်။

" ချာတိတ် ကဒီကsincare သုံးတာလား "

"မဟုတ်ဘူး ကိုကိုပီတိက natureကဟာသုံးတာ ဒီရှေ့လမ်းနားကလေ"

"အဲဒါဆို makeup နဲ့တစ်ခြားအလှပြင်ရင်သုံးတဲ့ဟာယူလိုက် မယ်နော်"

"ဟာကိုကိုကဘာလုပ်ဖို့လဲ"

"ချာတိတ်ဖို့လေ မငြင်းနဲ့နော် ငြင်းရင်ကိုကို ကိုမချစ်လို့ မရင်းနှီးချင်လို့ ချစ်သူလို့သဘောမထားတာလို့ သတ်မှတ်မှာနော်"

"ယူပ့ါ့မယ်ရှင့် ကိုကိုကစိတ်ကြီးပဲ"

"အော်ခုနက ချာတိတ်နှုတ်ခမ်းနီကြည့်နေတာမလား ကြိုက်တာယူအုံးနော် ဟိုနမ်းရင်တောင်မပျက်တဲ့နှုတ်ခမ်းနီများများဝယ်လိုက်"

ဘေးနားကကောင်မလေးက ပြုံးစိစိနဲ့ကြည့်လာသညွ။
လူကြားထဲမှာ သူကပြောပြီးဘာမှမဖြစ်ပေမဲ့
သူမကတော့ မျက်နှာနီကာ လက်ထဲကခုနရွေးထားတဲ့ နှုတ်ခမ်းနီနှစ်ချောင်းကို သူလက်ထဲထိုးထည့်လိုက်ကာသူမရှေ့ကသွားနှင်လိုက်သည်။သူကငွေရှင်းပြီး အထုတ်တွေဆွဲကာ လိုက်လာပြီး သူမကိုမှီတော့ သူမပုခုံးကို ဖက်ကာ parisan ထဲဝင်လာလိုက်သည်။

ရင်ခွင်ကောင်းကင်  zawgyiحيث تعيش القصص. اكتشف الآن