Ep-32

799 21 1
                                    

ကောင်းကင် အိမ်ထဲသို့အလောတကြီး ဝင်လာပြီး သူတို့အခန်းထဲသို့ စိတ်ပူစွာသွားနေမိသည်။ပီတိ မူးလဲလို့ဆိုပြီး သူမအမေက ဖုန်းဆက်တာကြောင့် ဖြစ်သည်။နဂိုထဲက သူမကိုစိတ်မချတာကြောင့် အိမ်အကူတစ်ယောက်ထားရန် ပြောသော်လဲ သူမကမဘိုအပ်ဆိုတာကြောငိ့ မထားမိတာကိုနောင်တရသည်။ကြီးနွယ်ကလဲ တရားစခန်းဝင်နေတာမို့ အသက်ကြီးတဲ့သူကို အဖော်မခေါ်တော့ပဲ သူဘာသူတရားအလုပ်ပဲလုပ်ပါစေဆိုပြီး ခွင့်ပြုလိုက်ရသည်ည်။သူမကို တစ်ယောက်ထဲ ထားမိတာကသူ့အမှားပင်။အခန်းထဲရောက်တော့  သတိမရသေးသော သူမကို ဆရာဝန်က စမ်းသပ်နေသည်။

"ဟော သားကောင်းလာပြီ "

"သူသတိမရသေးဘူးလား အမေ"

"မရသေးဘူး  သားရယ်  ဒီနေ့ ဆိုင်မှာထိုင်နေရင်း သားအမိတွေမတွေ့ရတာကြာပြီ  ဈေးဝယ်လေး ဘာလေးသွားမယ်ဆိုပြီး ထွက်လာတာ  ဒီရောက်တော့ သူလုပ်စရာလေးတွေလက်စသတ်လိုက်မယ်ဆိုပြီး စောင့်နေတာပေါ်မလာလို့ လိုက်လာတော့မှ  လှေကားနားမဆင်းမီခင်လေ လှဲသွားတယ်တူတယ် အဲ့နားမှာ  လဲနေတာ  တော်သေးတာပေါ့ အမေရှိလို့
အဲဒါနဲ့ သားကိုလှမ်းခေါ်လိုက်တာ"

"ဆရာ ကျနော်မိန်းမဖြစ်တာလဲခင်ဗျ"

"ဘာမှ မဖြစ်ပါဘူး အားနည်းနေရုံပါ နောက်ထပ်ဝမ်းသာစရာကတော့ ခင်ဗျားအဖေဖြစ်ပြီပဲ"

"ဗျာ  ဒါဆိုကျနော် မိန်းမမှာ ကိုယ်ဝန်ရှိနေတာပေါ့"

"ဟုတ်ပါတယ် ၅ပတ်လောက်ရှိပြီလို့ ခန့်မှန်းထားပါတယ် သူနိုးလာရင်တော့ ထက်ပြီးသေချာအောင်မေးပေးပါ့မယ်"

ကောင်းကင် သူမမှာ သူကိုယ်ဝန်ရှိနေပြီဆိုတာကြောင့် အလွန်ပျော်ရွှင်လွန်းလို့ သူမလက်လေးကို ဆွဲယူကာ ဆုပ်ကိုင်ပြီး တစ်ချက်ဖိနမ်းလိုက်သည်။သူမအမေကတော့ သူပုခုံးကို တစ်ချက်ပုတ်လိုက်ကာ ရယ်နေသည်။အမေလဲ မြေးရမယ်ဆိုတော့  ပျော်နေပုံပင်။

"သားလဲ  ရောက်လာပြီဆိုတော့ အမေလဲပြန်တော့မယ်ကွယ် သမီးနိုးလာရင်အမေဆီဖုန်းဆက်အုံး"

"ဟုတ်ကဲ့"

"အဲဒါဆို ကျနော်လဲသွားတော့မယ်  မနက်ဖြန်မှ တစ်ခေါက်လာကြည့်လိုက်မယ်"

ရင်ခွင်ကောင်းကင်  zawgyiDonde viven las historias. Descúbrelo ahora