Ep-27

612 21 0
                                    

စေ့စပ်ပွဲနေ့ ကိုကိုကိုယ်တိုင် ဒီဇိုင်းနာဆီမှာ
စိတ်တိုင်းကျ ချုပ်ထားသော အဖြူရောင် ဆင်တူမြန်မာဝတ်စုံလေး ဝတ်ထားကာ နှစ်ဖက် ဘ ဆွေမျိုးများ သူငယ်ချင်းများနှင့်
ရင်နှီးတဲ့ သူတွေနဲ့ပဲ စေ့စပ်လက် မှတ်ရေးထိုး
ခဲ့ကျသည်။ လူကြီးများက အပြန်အလှန်စကားပြောနေကျပေမဲ့  သူမတို့နှစ်ယောက်ကတော့ ပီတိအပြုံးများနဲ့သာ  သူမကတော့
လည်ကတုံးတိုက်ပုံနဲ့ ချောမောလှသော
ကိုကို က အဖေတူသားပင် ကိုကိုဖေဖေက
ခန့်ညားသော ရုပ်ရည်ရှိသည်။ကိုကိုမေမေ
ကတော့ စကားသိပ်မပြောဘဲ   ရုပ်တည်ကြီးနဲ့ ငြိမ်နေသည်။

" ပီတိရယ်  နင့်လူကြီးက ခန့်ချောကြီးပဲ  အရင်င်ကငါ့သူငယ်ချင်းကိုငါက ဘယ်သူနဲ့မှမတန်ဘူးလို့တောင် ထင်တာ ခုတော့ နင့်ရွေးချယ်မှု မမှားဘူးသိလား"

ဘေးနားမှာပြုံးရွှင်ကာ ပီတိဖြစ်နေသော  သူမသူငယ်ချင်းသိမ့်ကို ဖက်လိုက်မိသည်။

"ငါ့သူငယ်ချင်းလေး မင်္ဂဆောင်မယ်ယ်ဆိုတော့
စိတ်ထဲမှာ တစ်မျိုးကြီးပဲ နှမျောနေတယ်"

"အမယ်သူကျ မယူမှာကျနေတာပဲ"

" အေးပေါ့ ယူမှာပေါ့  ဟိုမှာနင့်ကိုကို နင်ကိုကြည့်နေတယ် သွားလိုက်အုံး"

သူမတို့နှစ်ယောက် စကားပြောတာကိုကြည့်နေသောကိုကိုကြောင့် သူမကိုကိုဆီသွားလိုက်သည်။မတ်တပ်ရပ်ကာ ကိုကိုဖေဖေကသူမမိဘတွေကို နှုတ်ဆက်နေတာကြောင့်
ကိုကိုကမပြန်ခင်စကားပြောချင်ပုံရသည်ည်။

"ချာတိတ်   ကိုကိုသွားတော့မယ် သဘက်ခါတော့ကိုကိုတို့ဖိတ်စာရမှာ ကိုကိုလာခေါ်မယ်သိလား "

"ဟုတ်ကဲ့ ကိုကို"

"ဟုတ်ပါပြီး ကိုကို့ဇနီးလောင်းလေး လိမ်လိမ်မာမာနေခဲ့နော်"

သူမနား  နားတိုးတိုးလေးကပ်ကာပြောတာကြောင့် ကြက်သီးလေးတောင်ထသွားသည်။
သူမ ဖြစ်နေတာကို  ကိုကိုကပြုံးပြုံးကြီးကြည့်နေသည်။

" ကဲ သမီးလေး ဒယ်ဒီတို့ပြန်ပြီနော်"

ကိုကိုဖေဖေက နှုတ်ဆက်လာသည်။ခန့်ညားပြီး  ကြည့်ကောင်းကာ သဘောကောင်းပုံရသော ကိုကိုဖေဖေကြောင့် ပီတိပြုံးကာ

"ဟုတ်ကဲ့ ဂရုစိုက်ပြန်ပါရှင့်"

ကိုကိုတို့ လူကြီးတွေပြန်သွားတော့   မေမေက  ဟင်းခနဲသက်ပြင်းချကာ    ဖေဖေကမေမေနား ကပ်ထိုင်လိုက်သည်။

"မေမေ သမီးလေးကံကောင်းလိုက်တာ  ယောကျာ်းလေးဘက်ကနေ  တနိဖိုးထားပြီး
မိသားဖသားပီပီတောင်းရမ်းပြီး  လက်ထပ်ခံရတာ  မေမေသမီးအတွက်ဂုဏ်ယူတယ်ယ်"

"ဟုတ်တယ် သမီးဖေဖေရောပဲ"

"ပိုက်ဆံမရှိတာ ရှိတာထက် ခိုးယူမဲ့အစား
မိသားဖသားပီပီတောင်းရမ်းတာက မိန်းကလေးတွက် ဂုဏ်ရှိတယ်  ခုခေတ်က
ခိုးယူပေါင်းသင်းပြီးမှ မယူတဲ့ယောကျာ်းတွေ
များတယ်လေ  မေမေကကိုယ့်သမီးလေးလမ်းမှား မှာကြောက်ပေမဲ့ခုတော့ စိတ်ချသွားပါပြီ"

"ဖေဖေနဲ့မင်းအမေကတော့  သားကောင်းကိုသဘောကျတယ် "

"ဟဲ့ အငယ်ကောင်ငြိမ်လှချေလား  ဘာတွေစဉ်းစားနေတာလဲ မင်းအစ်မယောကျာ်းယူမှာမို့
စိတ်မကောင်းဖြစ်နေတာလား"

ထိုင်ကာ ငြိမ်နေသော မောင်ငယ်ကြောင့်
သူမအမေက မေးလိုက်သည်။

"စိတ်မကောင်းစရာလား    မေမေရယ်  မမမရှိတော့သားကပိုချစ်ခံပြီးမုန့်လဲလုစားစရာမလိုတော့ဘူးပေါ့"

"ဟာဒီကောင် အာ့ဆိုနင်ကငါယောကျာ်းယူမှာဝမ်းသာနေတာပေါ့   မနှမျောရင် နင်ဘာလို့ငိုင်နေလဲ"

"သားစဉ်းစားနေတာ က  သားလဲသားချစ်တဲ့မိန်းကလေးကို  ကိုကြီးကောင်းလိုတန်ဖိုးထား   ယူမယ်လို့"

"ဟမ်းနင်က နို့နံ့တောင်မစင်ပဲ  ဒါတွေတွေးနေတယ်ပေါ့ကဲဟာ"

အချင်းသတ်ပုတ်နေသော  သားနှင့်သမီးကိုကြည့်ကာ  ဒေါ်ကြည်ပြာတို့လင်မယား
အပြုံးများမျက်နှာတွင် ဖြစ်ထွန်းနေသည်။

ရင်ခွင်ကောင်းကင်  zawgyiWhere stories live. Discover now