Ep-28 warning

1.6K 26 0
                                    

မင်္ဂလာ အချိန်မြတ်ရက်သို့ ရောက်ခဲ့ပြီ လက်ထပ်ပွဲလေး ကျင်းပကျတော့မည်

ခန်းမထဲမှ မင်္ဂလာတေးသံနှင့်ဧည်သည်တော်များ၏ စကားသံများကို ပီတိမိတ်ကပ်ပြင်တဲ့သတို့သမီး အခန်းကနေကြားနေရသည်ည်။မိတ်ကပ် မာမီကလဲသူမရဲ့ဝတ်စုံကိုပုံကျအောင် ပြင်ဆင်ပေးနေသည်။ပီတိ ခန်းမထဲသို့သွားရမယ် အချိန်ရောက်လေ ရင်တွေခုန်ကာ လက်ဖျားတွေ အေးစက်လေဖြစ်နေသည်။ဘေးနားကနေ သတို့သမီးအရံလေး  ဖြစ်တံ့သိမ့်က သူမအား စိတ်အေးအေးထားဖို့  နဲ့လမ်းကိုထိန်းလျောက်ဖို့မှာနေသည်။မင်္ဂလာပွဲ အစီအစဉ်အားလုံးကို
ကိုကိုကပဲ ပြင်ဆင်တာကြောင့်ပီတိမပင်ပန်းပါ  ဖိတ်စာကိုကိုကိုနဲ့အတူပဲ ဖိတ်ပေးရတာလွဲလို့ပေါ့။သတို့သားအရံကတော့  ကိုကိုသူငယ်ချင်းတွေက အကုန်အိမ်ထောင်သည်
ဖြစ်နေတော့  သိမ့်ချစ်သူကိုပဲ အကူအညီတောင်းရသည်ည်။တံခါး ဖွင့်သံကြားတာကြောင့်  လှည့်ကြည့်တော့ ငွေမင်ရောင်တိုက်ပုံပုဆိုးနဲ့ကျက်သရေခေါင်းပေါင်းနဲ့ကိုကိုက
မြန်မာဆန်စွာ ခန့်ညားနေသည်။သူမလှည်ကြည့်တော့ နှစ်ယောက်သားအကြည့်ချင်းစုံတော့  ပြုံးမိကြသည်။

"ကိုကို သူတို့သမီးလေးကလှလိုက်တာ"

"အမယ် အဟိ"

ကိုကိုကပြောတော့ မာမီနဲ့အကူကောင်မလေးတွေ သူမသူငယ်ချင်းတို့တွေက ဝိုင်းရယ်ကျသည်။ကိုကိုကတော့ ရှက်ပြုံးလေးပြုံးကာ သူမရှေ့ကခုံမှာထိုင်ရင်း  လက်ထဲကဘူးကို   မာမီကိုလှမ်းပေးသည်။

"မာမီ သူ့ကို ဒါလေးဆွဲပေးပါ"

"ဟုတ်ကဲ့  ဝိုးကြည်တောက်နေတာပဲ  သူတို့သမီးကံကောင်းလိုက်တာ"

ကိုကိုပေးတဲ့ဘူးကို ကိုဖွင့်ကြည့်တော့  တစ်ဖျတ်ဖျတ်လတ်နေသော  တစ်တန်းတည်းသွား  စိန်လည်ဆွဲကြောင့်  သိန်းထောင်ချီတန်မှန်း သူတို့သမီးများစွာကို ပြင်ပေးနေကျတန်ဖိုးကြီးတဲ့ပစ္စည်းတွေကို မြင်ဖူးသော မာမီက စိန်သန့်ပြီးကြီးနေတာမို့  သူတို့သမီးလေး  ကံကောင်းတယ်လို့ တွေးလိုပ်သည်။

ဖြူကြည်သော အကြောစိမ်းလေးများနှင့်လှပနေသော လည်တိုင်ကို လည်ဆွဲလေးဆွဲနေတာကို ကောင်းကင်ကြည့်ကာ ချစ်မဝသော  သူမမျက်နှာလေးက မိတ်ကပ်ကြောင့် ဖူးကြွကာလှပနေသည်။သူလိုချင်တောင့်တသော  နေ့လေးကိုရောက်ရှိလာခဲ့ပါပြီကောဆင်တူ ငွေမင်ရောမြန်မာထမိန်သိမ်း သတို့သမီးဝတ်စုံလေးနဲ့လိုက်ဖက်နေသော
မြန်မာသတို့သမီးလေးပင်။ခန်းမထဲ ဝင်ရမှာမို့ သူမလက်ကလေးကိုတစ်ချက်ဆုပ်ကိုင်ကာ  လက်တစ်ဖက်နှင့် ဖွဖွပုတ်ပြီး အားပေးလိုက်တော့ သူမကပြုံးကာခေါင်းညိတ်သည်။  သူလဲခန်းမထဲသို့ ဝင်ကာ
သူတို့သမီးလေးကို စောင့်နေလိုက်တော့ သူချာတိတ်လေးကဟဟခြေတစ်လှမ်းချင်းလှမ်းကာ ဘယ်သူကိုမှမကြည့်ပဲ သူမျက်နှာကိုသာ ကြည့်ကာလှမ်းလာသည်။ထုံးတမ်းအစဉ်အလာအရ မင်္ဂလာ ယူပြီးတော့ သူမလက်လေးကိုယူကာ စေ့စပ်လက်စွပ်ပေါ်တွင်လက်ထပ်လက်စွပ်ကို  ထပ်စွပ်ပေးလိုက်သည်။သူမကလဲ သူလက်သူကြွယ်မှာ  လက်ထပ်လက်စွပ်လေး ဝတ်ပေးကာ  သူမမျက်နှာ၌ အပြုံးများစွာ ဖြစ်ထွန်းနေသည်။
သူမ  ကသူရဲ့လက်မောင်းကို ဆုပ်ကိုင်ကာ  ဧည့်သည်တွေကို လိုက်ကာဧည်ခံနေသည်။

ရင်ခွင်ကောင်းကင်  zawgyiTempat cerita menjadi hidup. Temukan sekarang