Ep-13

536 20 0
                                    

ပီတိအိမ်ရောက်တော့ နောက်ကျလို့အမေကမေးလေသည်။အမေသမီး Iphone ကြီးပေါက်လာတယ်ဟု အိတ်ထဲက ထုတ်ပြပြီးမဲဖောက် မဲ့အစီအစဉြေ္ကာင့် နောက်ကျတာဟုပြောမှ ထပ်မမေးတော့ပေ။အမေကိုပြောပြီးတာနဲ့ အခန်းထဲသို့ဝင်လာခဲ့သည်။မှန်တင်ခုံရှေ့ ထိုင်ကာသူမမျက်နှာကိုကြည့်ရင်း နှုတ်ခမ်းဆီအကြည့်ရောက်သွားတော့ သူမနှုတ်ခမ်းက နဂိုထက်နီနေပြီးဖူးယောင်ယောင်လေး ဖြစ်နေသည်။သူနဲ့နမ်းနေစဉ္က အကြောင်းကိုတွေးမိသွားပြီးအောက် နှုတ်ခမ်းကို ဖိကိုက် မိရာ နာသွားသောကြောင့် ကြည့်လိုက်တော့ သူနမ်းနေရင်းကိုက်လိုက်တာကြောင့်ပေါက်သွားခြင်း ဖြစ်လေသည်။တော်တော်ကဲတဲ့လူလို့တွေးရင်း နှုတ်ခမ်းနာရင်လိမ်းတဲ့ဆေး generalog လေးထုတ်လိမ်းလိုက်သည်။ရေမိုးချိုးပြီး ထမင်းစားဖို့
ဆင်းလာလိုက်သည်။

ကောင်းကင်တစ်ယောက် ချာတိတ်ကိုလိုက်ပို့ပြီး အိမ်ပြန်လာခဲ့သည်။သူလဲ ဒီနေ့ပင်ပန်းတာကြောင့် လန်းသွားအောင် ရေချိုးပြီး ထမင်းစားခန်းထဲ ဝင်လာသည်။

"ဟောသား ထမင်းစားတော့မလို့လား "

"ဟုတ်ကြီးနွယ် "

"အေးသား ဟင်းတွေကအသင့်ပဲ ထမင်းပဲခူးရမှာ ဒီနေ့ကြီးနွယ် သားကြိုက်တဲ့ဆိတ်သားချက်ထားတာ အအီပြေအောင်ကင်ပွန်းချဉ်အရည်သောက်လေးရောပဲ များများစားသား"

"ဟုတ် သားကြိုက်တာတွေကြီးပဲ အများကြီးစားပါ့မယ်ကြီးနွယ်"

"သားအမေ သားပြန်မလာခင်လေးတင်ဖုန်းဆက်တယ် ပြန်မရောက်သေးဘူးလို့ပြောလိုက်တော့ သူကိုဖုန်းပြန်ဆက်ပေးပါတဲ့ သားဆက်လိုက်အုံး "

"ဟုတ်ကဲ့ ဆက်လိုက်ပါ့မယ်"

ထမင်းစားပြီးလို့ သူမာမီစီဖုန်းဆက်လိုက်သည်။

" Hello my son  မာမီသားမွေးနေ့မှာဘာလိုချင်လဲ မာမီကိုပြောမာမီအားလုံးဖြည့်ဆည်းပေးမယ် "

"သားမှာ လိုချင်တာမရှိပါဘူး မာမီနေကောင်းတယ်မလား မနက်ကဒယ်ဒီဖုန်းဆက်တော့
ပါတီတက်နေတယ်လို့ပြောလို့ "

"ဟုတ်တယ် မာမီတို့ လုပ်ငန်းပါတနာလေ သားသိတယ်မလား ဂျူလီယာ တို့အဖေလေသူကျင်းပတာ သားအဖေကအလုပ်ရှုပ်နေတော့ မာမီပဲသွားလိုက်တာ သားရောနေကောင်းလား သားအဖေအလုပ်တွေပါးရင်တော့ မာမီသားဆီလာအုံးမှာပါ သိတယ်မလား သားအဖေကစိတ်မချရဘူးလေ "

ရင်ခွင်ကောင်းကင်  zawgyiOnde histórias criam vida. Descubra agora