Ep-22

502 21 0
                                    

ပီတိ ရုံးခန်းထဲကနေထွက်ပြေးလာရင်း သန့်စင်ခန်းထဲဝင်ကာ ငိုထားသောကြောင့် နီနေသောမျက်နှာကိုသစ်လိုက်သည်။ကိုကိုမာမီပြောသော စကားများကြောင့် ရှက် မိသည်။သူမ ဘယ်သောခါမှ သားရှင်ဘက်ကနှိမ်ချတဲ့စကား အပြောခံရလိမ့်မယ်လို့  မထင်ခဲ့ပေ။သူမနေတဲ့ ပတ်ဝန်ကျင်မှာတော့ သူမတို့မိသားစုအနေအထားက မနိမ့်ကျပါ။ငယ်ငယ်ကတည်းက အမေက အဆင့်အတန်းနဲ့ပတ်သတ်ပြီး ဆုံးမတာကတော့  မခိုးမဝှက် မလိမ်မညာ ဂုဏ်သိက္ခာနဲ့ပြည့်စုံအောင် နေချင်းလို့ ဆုံးမဖူးသည်။ကိုကိုမာမီ ပြောတဲ့အဆင့်အတန်းကရော သူမအပေါ်ဘာပေတံနဲ့တိုင်းကာ အဆင့်အတန်းမရှိဘူးလို့ပြောတာလဲ  သူမတို့မိသားစုက  မချမ်းသာတာကြောင့်လား  တွေးနေတာကို လက်စသတ်ကာ  ဌာနထဲ ပြန်ဝင်လာပြီး  မမယုကိုနေမကောင်းလို့ ဆိုကာအိမ်ပြန်လာခဲ့သည်။

"မာမီ မင်းကိုသတိမပေးခဲ့ဘူးလား ခုရောမာမီကိုယ်တိုင်ဝင်ပြီး လူကြမ်းလုပ်နေရပြီ
ဆက်ပတ်သတ်မယ်ဆိုရင် ဒီလောက်မပြီးနိုင်ဘူးနော် ကောင်းကင်သစ်"

"မာမီကို ကျနော်ပြောပြီးပြီလေ  ကျနော်နောက်မဆုတ်နိုင်ဘူးလို့ မာမီလက်လျော့လိုက်ပါ ကျနော်ကို ကျနော်ကိုယ်ချစ်တဲ့မိန်းကလေးကိုတောင် မကာကွယ်နိုင်တဲ့လူ
အဖြစ်မခံနိုင်ဘူး ကျနော်ချစ်တဲ့သူကိုရအောင်ယူမှာပဲ  အရင်င်ကကျနော်ကိုမာမီဂရုမစိုကိုက်သလိုပဲ ဒီကိစ္စမှာလဲ မာမီလစ်လျူရှုလိုက်ပါ  "

"သားပြောတဲ့အတိုင်း မာမီမလုပ်ပဲ ရှေ့ဆက်တိုးရင်ရော "

"အဲဒီခါကျရင်လဲ ကျနော်ချစ်တဲ့သူကို ကာကွယ်ပြီး ကျနော်ဘက်ကရှေ့ဆက်တိုးရုံပဲပေါ့"

"ကောင်းပြီလေ မင်းဘက်ကမာမီဖြစ်စေချင်တာကို ငြင်းဆိုမှတော့ မာမီလဲရှေ့ဆက်တိုးပြီး  မင်းနဲ့ဆက်ပြီးထိပ်တိုက်တွေ့ကျရုံပဲပေါ့"

ဒေါ်စံမမှီတစ်ယောက် လက်ကိုင်အိတ်ကို လက်မှာချိတ်ကာ သားဖြစ်သူအား
တစ်ချက်စူးခနဲကြည့်ကာ ဒေါက်ဖိနပ်သံမြည်အောင် လျှောက်ကာ  ကုမ္ပဏီမှ ပြန်လာခဲ့သည်။
ကောင်းကင်တစ်ယောက်ထဲထိုင်နေကာ  ဖြစ်သမျှကို စဉ်းစားနေမိသည်။သူမာမီပြောစကားတွေကြောင့်  သူမအပေါ်အားနာမိသည်။ဒီမိန်းကလေးကို စချစ်ကတည်း သူမကိုသူနဲ့ပတ်သတ်လို့မျက်ရည်မကျစေရဘူးဟု သူကိုသူကတိပေးထားသော်လဲ သူမတည်နိုင်ခဲ့ပေ။သူမာမီ စကားကြောင့် ငိုကာထွက်သွားသော မိန်းကလေးကို သူမာမီကြောင့် သူကိုမစွန့်လွှတ်ဖို့ ကြိုတင်ကာ တောင်းပန်ရပါမည်။

ရင်ခွင်ကောင်းကင်  zawgyiOpowieści tętniące życiem. Odkryj je teraz