Ep-24

510 19 0
                                    

ဒေါ်ကြည်ပြာ သမီးဖြစ်သူအားတွေ့ချင်တယ် ဆိုတာကြောင့် သမီးဆီဖုန်းဆက်ကာ
ခေါ်လိုက်သည်။
ပီတိမေမေ ဖုန်းဆက်ကာအန်တီတစ်ယောက်သူမအားတွေ့ချင်တယ် ဆိုတာကြောင့်တက်စီငှားကာ အိမ်သို့ပြန်လာသည်။အိမ်ထဲ ဝင်လာတော့ ဧည့်ခန်းထဲမှာထိုင်နေကာ မေမေနဲ့စကားပြောနေသော  ကိုကိုမေမေကြောင့် စိတ်ထဲလန့်သွားသည်။

"သမီးလာလေ ဧည့်သည်နဲ့စကားပြောလိုက်အုံး မေမေကဆိုင်ကိုသွားလိုက်တော့မယ်
သမီးဆိုင်ကိုမလာနဲ့တော့ အိမ်မှာပဲနေလိုက်သိလား မေမေသွားပြီ"

မေမေထွက်သွားတာကို ကြည့်ပြီး

" အန်တီ ဘာကိစ္စရှိလို့ ကျမအိမ်ထိလိုက်လာတာလဲရှင့်"

"ငါ့သားက မင်းနဲ့သဘောမတူဘူး ဆိုတာကို သူကရှေ့ဆက်တိုးနေတယ်လေ  အဲဒီတော့
မင်းဘက်ကနောက်ဆုတ်ပေးပါ  ငါ့သားအတွက် အဆင့်အတန်းတူတဲ့ချွေးမရှိပြီးသား  မင်းဘက်ကငါ့သားကိုမြူစွယ်ထားလို့
သူကငါ့စကားကို နားမထောင်တော့ဘူး
ဒါနောက်ဆုံးပဲ မင်းဘက်ကဆက်တိုးနေမယ်ဆိုရင် မင်းမိဘတွေကိုပါ  ငါ့သားနဲ့သဘောမတူနိုင်ကြောင်း ပြောရလိမ့်မယ်  မင်းသဘောပေါက်မယ်ထင်ပါတယ်"

"ဒီမှာ အန်တီအခုလိုမျိုး သူများအိမ်ပေါ်တက်ပြီး စော်ကားနေတာက အဆင့်အတန်းရှိတဲ့သူတွေရဲ့ လုပ်ရက်ပေါ့ သားသမီးချင်း
ကိုယ်ချင်းမစာာရှင် လူငယ်လွတ်လပ်သူချင်း
ချစ်ကျတာ အပစ်စ်လား မြူစွယ်တယ် ဟုတ်လား  ကိုယ့်သားကိုလဲမေးကြည့်ပါအုံး
ဘယ်သူက အတင်းလက်မလွှတ်နိုင်တာလဲ
လို့  အန်တီသားဘက်ကပြတ်နိုင်ရင်း ကျမဘက်က ပြတ်ပေးမယ်"

"အေး စောင့်ကြည့်လိုက်ငါ့သားဘက်က  မင်းကိုပြတ်နိုင်ရင်သာ မင်းစကားကိုမင်းမမေ့ပါနဲ့"

ပီတိသူမအား သားသမီးချင်းမစာနာာနာစွာ ပြောနေသော ကိုကိုမေမေအား စိတ်ပျက်စွာကြည့်ရင်း မတ်တပ်ရပ်ကာ  တံခါးပေါကါကိုလက်ညှိးထိုးလိုက်ကာ

" ဟုတ်ကဲ့ ကတိမတည်စရာမရှိပါဘူး  အန်တီသားကိုသာ ကျမနဲ့မပတ်သက်အောင် တားနိုင်ရင်ပေါ့ ခုတော့ အန်တီပြန်ပါတော့"

ရင်ခွင်ကောင်းကင်  zawgyiTempat cerita menjadi hidup. Temukan sekarang