ပီတိတစ်ယောက် သူမအဝတ်အစားရွေးရင်းအလုပ် ရှုပ်နေသည်။သူမမှာ အဝတ်အစားပေါသော်လည်း ဝတ်စရာမရှိဖြစ်နေပြီး တစ်ခုမှ စိတ်တိုင်းမကျပေ။သူမ ကုတင်ပေါ်မှာလဲ အဝတ်တွေဖွထားတာပွနေသည်။ ရွေးနေတုန်း ဖုန်းဝင်လာတာကြောင့် ကြည့်လိုက်တော့ ကိုကိုဆီကဖြစ်သည်။
"ဟယ်လို ကိုကို"
"ချာတိတ် ပြီးပြီးလား ကိုယ့်အိမ်ကထွက်လာပြီ လမ်းထိပ်မှာစောင့်နေမယ်နော်"
"ကိုကိုကထွက်လာပြီလား ပီတိကခုမှအဝတ်စားတောင်မဝတ်ရသေးဘူး တစ်ခုမှစိတ်တိုင်းမကျလို့"
"ပေါ့ပေါ့ပါးပါးပဲ ဝတ်လာခဲ့ ကိုကိုတောင်တီရှပ်နဲ့ဂျင်းပဲဝတ်လာတာ ကိုယ့်စောင့်နေမယ်"
"ဟုတ်"
သူမလဲ တီရှပ်ခါးတိုအကျပ်လေးနဲ့ ဂျင်းဘောင်းဘီအောက်ကားလေးဝတ်ကာ ပိုက်ဆံအိတ်ကိုကြိုးသိုင်း ကာအောက်ဆင်းလာခဲ့သည်။မေမေကို သိမ့်နဲ့မုန့်သွားစားရင်း လျှောက်သွားကြမလို့ဟု ပြောပြီးထွက်လာခဲ့သည်။လမ်းထိပ်ရောက်တော့ သူကားတွေ့တာနဲ့ခုန်စွခုန်စွသွားပြီး ကားတံခါးဖွင့်ကာ
ဝင်ထိုင်လိုက်သည်။"ဘာလို့ ပြေးလာတာလဲ ချော်လဲမှဖြင့် အနာရအုံးမယ် နောက်အဲလိုမပြေးလာနဲနော် ခုတောင်မောပြီး ချွေးတွေထွက်နေပြီ လာဒီဘက်ကိုတိုး ကိုကိုချွေးသုတ်ပေးမယ်"
သူ့သဘောအတိုင်း တိုးလိုက်ကာ မျက်လုံးမှိတ်ကာ သူချွေးသုတ်ပေးတာကို ငြိမ်နေလိုက်သည်။သူမမျက်လုံးဖွင့်လိုက်တော့ နီးကပ်လာသောသူ့မျက်နှာကြောင့် မျက်လုံးကို ပြန်မှိတ်လိုက်ရာ သူက ဟွန့်ဆိုပြီး
တစ်ချက်ရီကာ သူမပါးနှစ်ဖက်ကို နမ်းရှိုက်လိုက်သည်။ပြီးတော့ သူမလက်လေးတစ်ဖက်ကို ကိုင်ကာ တစ်ဖက်ကကားမောင်းလေသည်။"ချာတိတ် ဘယ်သွားချင်လဲ"
"ကိုကို ဘယ်သွားမှာလဲပြောအုံး"
"ကိုကိုကတော့ လှည်းတန်းဘက်ကိုသွားမယ် အဲမှာကအစုံရှိတယ်လေ စံရိပ်ငြိမ် လှည်းတန်းစင်တာဘက်ရယ် ပြီးတော့လှည်းတန်းတစ်လျှောက်ချာတိတ်ဝယ်ချင်တာ ဝယ်ရအောင်လို့လေ"
DU LIEST GERADE
ရင်ခွင်ကောင်းကင် zawgyi
RomantikStar entertainment ရန်ကုန်မြို့လယ်မှာရှိပြီး မြန်မာနိုင်ငံမှာအကြီးဆုံးသူလက်အောက်မှာဌာနပေါင်းများစွာအောင်မြင်တဲ့သရုပ်ဆောင်အဆိုတော်များစွာမွေးထုတ်ထားပြီး သူတို့ရဲ့ceo ကတော့အသက်သုံးဆယ်ကျော်ခန့်ညားတဲ့ရုပ်ရည်ရှိတာတောင် မိန်းမမပြောနဲ့ချစ်သူရည်းစားတောင်မရ...