Ep-12

548 22 0
                                    

ကျော်စွာတစ်ယောက် မျက်နှာကြီးနီပြီးသူဌေးရုံးခန်းထဲက ထွက်လာသောဟိုတစ်နေက ဘိုးဘွားရိပ်သာကိုသူဌေးခေါ်လာတဲ့မိန်းကလေးကိုကြည့်နေမိသည်။သူမထွက်သွားမှ သူဌေးရုံးခန်းထဲဝင်လာလိုက်သည်။သူမကသူဌေးနဲ့ တစ်ခုခုပတ်သတ်နေနိုင်တာသူသိပေမဲ့ အဖြေပေးနိုင်သောသူကိုတော့မမေးရဲပေ ကိုယ့်အထက်လူကြီးမလား။

"ဘောစ့် ကျနော်ကိုခိုင်းထားတာ လုပ်ပြီးပါပြီး နေ့လည် ၁နာရီစဖို့မှာထားပါတယ် ပစ္စည်းတွေလဲ ရောက်နေပါပြီ"

" အိုကေ အဆင်ပြေအောင်ဆောင်ရွက်ပေးပါ
နောက်ပြီးထိုင်းဘက်ကProducer က ပူးတွဲရိုက် မဲ့ဇာတ်လမ်းတွဲအတွက် ထိုင်းဘက်ကsens ရိုက်ဖို့အတွက်ဒီဘက်ကသရုပ်ဆောင်တွေ ဘယ်ရက်လောက်လာပေးနိုင်မလဲ မေးနေတယ် အဲ့တာမင်းအနုပညာရှင်တွေ ရဲ့အချိန်တွေညှိပြီး ငါ့ကိုပြန်ပြောပေးအုံး"

"ဟုတ်ကဲ့ လုပ်ထားပ့ါမယ် အဲဘက်ကိုလိုက်မယ့်ကြီးကြပ်သူ တစ်ယောက် အကြီးတန်းဘက်က ရွေးထားလိုက်ရမလားဘောစ့်"

"မလုပ်နဲ့ ငါလိုက် မှာ ဘာလို့ဆိုငါတို့အတွက်ပထမဆုံးပူးပေါင်းမှုဆိုတော့ သေချာဂရုစိုက်မှဖြစ်မှာလေ ငါသွားလိုက် ဒီတောတွင်းတော့မင်းပဲဒီဘက်ကိုကြည့်ထားပေးကွာ"

"စိတ်ချ ဆရာ"

ကောင်းကင် ကျော်စွာကိုပြောပြီးတာနဲ့ ဖိုင်တွေကိုတစ်ချက်စစ်ပြီး လက် မှတ်ထိုးစရာရှိတာတွေထိုးနေရင်း သူအဖေဆီကဖုန်းဝင်လာခဲ့သည်။
"ဟဲလို ဒယ်ဒီ"

" သားမွေးနေ့မှာ ဒယ်ဒီဆုတောင်းမပေးလိုက်ရလို့ ခုကဒီမှာကညနေဆိုတော့ အချိန်ကိုမကြည့်မိလိုက်ဘူး ဆောရီးပါသား သားဘာလိုချင်လဲ"

" ရပါတယ်ဒယ်ဒီ အလုပ်တွေများနေတာသားသိပါတယ် သားလိုချင်တာမရှိပါဘူး
မာမီရော နေကောင်းတယ်မလား သားမေးတယ်လို့ ပြောလိုက်ပါအုံး"

"မင်းမာမီက ပါတီသွားတယ် ပြောလိုက်မယ်သား သားလိုချင်တာရှိရင်ပြောနော်
ဒယ်ဒီအားလုံးဖြည့်ဆည်းပေးမယ် ဒါဆိုဒယ်ဒီ အစည်းအဝေးသွားစရာရှိသေးလို့ ဖုန်းချလိုက်ပြီနော်"

ရင်ခွင်ကောင်းကင်  zawgyiOnde histórias criam vida. Descubra agora