ပီတိတစ်ယောက်အလုပ်လုပ်နေစဉ် သူမကိုသူဌေးကခေါ်နေတယ် ဆိုတာကြောင့် ဓာတ်လှေကားနဲ့တက်လာခဲ့သည်။
ဒေါက် ဒေါက်
" ဝင်ခဲ့ပါ"
"အဲဒါဆို မင်းကိုငါစိတ်ချမယ်နော်"
"ဟုတ်ကဲ့"
ကိုကျော်စွာကို ပြောပြီးသူမအမူအရာနဲ့ထိုင်ခိုင်းတာကြောင့် သူရှေ့ကခုံမှာထိုင်လိုက်သည်။ကိုကျော်စွာက သူမကိုကြည့်နေတာကြောင့် သူမတစ်ချက်ပြုံးပြလိုက်သည်။သူမတို့နှစ်ယောက် အပြန်အလှန်ပြုံးပြနေတာကို
သူက ကြည့်ပြီး"ကျော်စွာ ဒါမင်းရဲ့သူဌေးကတော် ဖြစ်မယ့်သူပဲ ငါမရှိတုန်းမင်းသူကိုစောင့်ရှောက်ပေးထားပါ "
"ဟုတ်ကဲ့ ဘောစ့်စိတ်ချပါ"
"မင်းသွားလို့ရပြီ"
"ဟုတ်ကဲ့ ညီမသွားပြီနော်"
"ဟုတ်ကဲ့"
ကိုကျော်စွာထွက်သွားတာနဲ့ သူမကိုကိုဘက်လှည့်ပြီး မေးလိုက်သည်။
" ကိုကိုကဘယ်သွားမလို့ မှာနေတာလဲ"
"ကိုကို ထိုင်းကိုသွားရမယ်လို့ချာတိတ်ကို
အရင်ကပြောထားတယ်လေ မနက်ဖြန်သွားရတော့မှာ""သွားတောင်သွားတော့မှာလား အဲဒါဆိုကိုကို ကိုလွမ်းနေတော့မှာပဲ ကြာမှာလားဟင်"
"ကြာမယ် မကြာဘူးဆိုတာတော့ကိုကိုလဲမပြောတက်သေးဘူး ရိုက်ကူးရေးဆိုတော့
တစ်လလောက်တော့ ကြာမှာပေါ့ လွမ်းနေမဲ့သူလေးကြောင့် ကိုကိုတောင်မသွားပဲနေလိုက်ရမလား""ဟင်အလုပ်က္စိ္စပဲကို သွားပါဖုန်းတော့မှန်မှန်ဆက်ရမယ်နော် ကိုကို"
"ဟုတ်ပါပြီ ဆက်ပါ့မယ် လောလောဆယ်ကိုကိုအိမ်ကိုလိုက်ခဲ့ပါလား"
"ကိုကိုအိမ်ကို ပီတိကဘာလိုက်လုပ်ရမှာလဲ"
"ကိုကို ခရီးဆောင်ပစ္စည်းတွေသွားထည့်မလို့
မသွားခင် ချာတိတ်နဲ့အတူနေချင်လို့ ကိုယ့်အိမ်ကိုလဲမရောက်သေးဘူးလေ""အမယ် သူများကိုပစ္စည်းတွေထည့်ကူခိုင်းမလို့မလား အကြံဆိုးကြီးနဲ့"
BẠN ĐANG ĐỌC
ရင်ခွင်ကောင်းကင် zawgyi
Lãng mạnStar entertainment ရန်ကုန်မြို့လယ်မှာရှိပြီး မြန်မာနိုင်ငံမှာအကြီးဆုံးသူလက်အောက်မှာဌာနပေါင်းများစွာအောင်မြင်တဲ့သရုပ်ဆောင်အဆိုတော်များစွာမွေးထုတ်ထားပြီး သူတို့ရဲ့ceo ကတော့အသက်သုံးဆယ်ကျော်ခန့်ညားတဲ့ရုပ်ရည်ရှိတာတောင် မိန်းမမပြောနဲ့ချစ်သူရည်းစားတောင်မရ...