ဒီနေ့ အက်ထရာဆောင်းရိုက်မှာမို့ လင်မယားနှစ်ယောက်အတူလာခဲ့သည်။
အိုဂျီရဲ့အစားအသောက်နဲ့သူမကျန်းမာရေးအခြေအနေကို မေးမြန်းတာကို သူမမဖြေရပေ ဘေးနားကကိုကိုကသူကိုယ်ဝန်သည်ကျနေတာပဲ သူမအစားဖြေနေသည်။ဗိုက်ကိုဆရာမက စမ်းသပ်နေတာမို့ သူမတို့နှစ်ယောက်က မော်နီတာမျက်နှာပြင်က ကလေးလေးကဘာလေးလဲ ဆိုတာကို နားမလည်သော်လဲ စိတ်လှုပ်ရှားစွာ ကြည့်နေမိသည်။"ဟယ် အမွှာလေးတွေတော့ ဒီမှာကတစ်ယောက် ဟောသုံးယောက်တောင် "
ဆရာဝန်မက၃မွှာပူးလေး ဆိုတဲ့မော်နီတာကိုကြည့်တော့မှ ကလေးလေးတွေကတစ်ယောက်ထဲမဟုတ်ဘဲ အမွှာလေးတွေ ဖြစ်နေသည်။သူမတို့လင်မယားနှစ်ယောက် စိတ်လှုပ်ရှား စွာဖြင့်
"ဆရာမ ကျမတို့ကလေးတွေ ကျန်းမာရဲ့လားရှင့်"
"ကျန်းမာပါတယ် သိပ်မစိုးရိမ်ပါနဲ့ တစ်ချို့၎မွှာလေးမွေးရင်တောင် ကျန်းမာပါတယ်
အရင်ကထက်တော့ ပိုဂရုစိုက်ပေါ့""ဟုတ်ကဲ့ ဆရာမကျနော်မိန်းမ အတွက်မွေးဖွားမှုမခက်ခဲလောက်ပါဘူးနော် ပထမကိုယ်ဝန်ဆောင်တာကို၃မွှာဆိုတော့ စိတ်ပူလို့ပါ"
ပီတိအစိုးအရိမ်လွန်နေသော သူမယောကျာ်းကိုကြည့်ကာ
"မစိုးရိမ်မိုးရိမ်ပါနဲ့ ကိုကိုရဲ့ပီတိဂရုစိုက်မှာပါ ကိုကိုက တစ်ခါထဲ ကလေး၃ယောက် အဖေဖြစ်မှာ မပျော်ဘူးလား"
"ပျော်တာပေါ့့ ချာတိတ်ရဲ့ ကိုကိုရင်သွေးလေးလေ ဒါပေမဲ့ ချာတိတ်နာကျင်မှာစိုးလို့ပါ
ဒီတစ်ခါမွေးပြီးရင် ကိုယ်တို့နောက်ခလေးမယူတော့ ဘူးနော်ချာတိတ်""အင်းပါ"
"မောင်ကောင်းကင်လည်း စိတ်သိပ်မပူပါနဲ့မိခင်ရောကလေးတွေရော ကျန်းမာရေးကောင်းပါတယ် နောက်လဲပိုပြီးမင်းမိန်းမကို
ဂရုစိုက်ပေါ့ ဟုတ်လား ဆေးရုံကိုလဲ တစ်လတစ်ခါပုံမှန်ပြပေးပါ အမွှာလေးတွေဆိုတော့
ဆရာမက ခွဲမွေးစေချင်တယ် ဒါတော့ မင်းတို့လင်မယားနှစ်ယောက်လုံး တိုင်ပင်လိုက်ပါအုံး""ဟုတ်ကဲ့"
ဆေးရုံက လင်မယားနှစ်ယောက်ထွက်လာပြီး သူမကမိဘတွေဆီသွားချင်တာမို့သူမမိဘတွေ အိမ်ဘက်ကားကိုဉီးတည်လိုက်သည်။
VOCÊ ESTÁ LENDO
ရင်ခွင်ကောင်းကင် zawgyi
RomanceStar entertainment ရန်ကုန်မြို့လယ်မှာရှိပြီး မြန်မာနိုင်ငံမှာအကြီးဆုံးသူလက်အောက်မှာဌာနပေါင်းများစွာအောင်မြင်တဲ့သရုပ်ဆောင်အဆိုတော်များစွာမွေးထုတ်ထားပြီး သူတို့ရဲ့ceo ကတော့အသက်သုံးဆယ်ကျော်ခန့်ညားတဲ့ရုပ်ရည်ရှိတာတောင် မိန်းမမပြောနဲ့ချစ်သူရည်းစားတောင်မရ...