2

6.8K 450 14
                                    

နောက်ရက်မနက်ခင်းစောစောနိုးနေတဲ့သူကတော့လွန်းမခမောင်ပါ သူတော်တော်တက်ကြွနေတာ အရင်ကတော့ကျောင်းတက်ရမှာပျင်းတယ်ဆိုပြီး အခုကျတော့သူမဟုတ်တော့သလိုဘဲ ။

"လွန်းမခမောင် "

"ဗျာ မေမေ"

"ထတော့လေ ကျောင်းသွားရမှာကို "

"မေမေ လွန်းက အဝတ်အစားတွေတောင်လဲပြီးနေပြီ အခုဘဲအောက်ဆင်းခဲ့တော့မလို့"

"အေးပါ အဲ့ဆိုလည်း​ြမန်မြန်ဆင်းခဲ့တော့ မနက်စာ စားရအောင်စောင့်နေကြပြီ "

"ဟုတ်ကဲ့"

လွန်းလည်းမနက်စာစားပြီး ကျောင်းကိုထွက်လာခဲ့လိုက်တယ် ကျောင်းကတော့မတက်သေးပေမဲ့ လူတွေကတော့ခပ်များများရောက်နေကြပြီ။

"လွန်းမခ. လွန်းမခမောင် "

"ဟေ "

လွန်းကိုလှမ်းခေါ်နေတဲ့သူတွေကတော့ ချစ်ရတဲ့လွန်းရဲ့ဂျပုလေးနှစ်ကောင်ဖြစ်တဲ့ ဝက်ပုလေးနဲ့ခွေးပုလေး ။

"လွန်းမခ နင်နောက်ကျတယ်နော် ကျောင်းတောင်တက်တော့မယ် နင်ပြောတဲ့ဆရာမကိုလိုက်ပြအုံးလေ "

"အေးပါ လိုက်ပြချင်ပေမဲ့သူကဘယ်မှာလဲငါမှမသိတာ ပြီးတော့ ငါအခန်းရှာရအုံးမယ်လေ "

"အခန်းရှာမနေနဲ့ ငါနဲ့အတူတူဘဲကို ငါတို့အခန်းက. ၉တန်းဆောင်ကbio ဘက်အ​ြခမ်းနဲ့ကပ်ရပ်ဘဲ မှတ်ထားအုံး နင့်ဦးနှောက်ကြီးနဲ့ "

"အေးပါဟာ အဲ့ဆိုလည်းသွားရအောင်လေ ငါလွယ်အိပ်လေးတော့သွားထားအုံးမယ် "

လွန်းလည်းလွယ်အိတ်လေးအခန်းထဲသွားထားပြီး အခန်းကအပေါ်ထပ်ဖြစ်တာကြောင့်ကော်ရပ်တာမှာ ဟိုနှစ်ယောက်နဲ့ရပ်ပြီး စကားပြောနေရင်း သူ့ကိုလူတစ်ယောက်က ခေါ်လိုက်တဲ့အသံကြောင့်ကြည့်လိုက်တဲ့အခါ

"လွန်းမခမောင် "

"ဗျာ "

လွန်းလည်းရုတ်တရက် ဗျာလို့ထူးလိုက်မိတော့ အသံစူးစူးလေးနဲ့အငေါက်ခံရပါလေရော ။

"လွန်းမခမောင် မင်းဒီလိုထူးပြန်ပြီ မိန်းကလေးဆိုတာ နူးနူးညံ့ညံ့လေးနေရတယ် မင်းတော့လား..... ဟောနွေဦးလွင်က ဒီမှာဘာလုပ်နေတာလဲ အခန်းထဲဝင်တော့လေ ကျောင်းတက်တော့မယ် ပြီးတော့ မင်းရော ပြီးတော့ဟိုကောင်မလေးကော အခန်းထဲသွားတော့အခု..."

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now