14

4.9K 339 5
                                    

နောက်ရက်မနက်စောစောလေးထပြီးသူငယ်ချင်းတွေလာခေါ်မှာကိုစောင့်နေတယ်လေ ။
မေမေတို့ကလည်းထူးထူးဆန်းဆန်းခွင့်ပြုတယ်ဆိုတော့ လွန်းလည်းဘာမှမပြောတော့ဘူး။

မနက် 6နာရီလောက်ရောက်တော့ နွေဦးလွင် တို့တွေရောက်လာကြတယ် ။

"လွန်းမခ ငါတို့ရောက်ပြီ သွားကြတော့မလား အဆင်သင့်ဖြစ်ရင်.... "

"အေး...သွားကြမယ်လေ ငါလာပြီ "

လွန်းလည်းကားပေါ် ရောက်တော့ သူတို့ကသူတို့ခုံ အတွဲကိုယ်စီနဲ့ ခုံတွဲလေးတစ်ခုဘဲလွတ်နေတာနဲ့လွန်းလည်း ဝင်ထိုင်မလို့ကြည့်လိုက်တော့ ပြတင်းပေါက်နားလေးမှီပြီးမှေးနေတဲ့ အမျိုးသမီးတစ်ယောက် လွန်းလည်း မသိမသာဘဲ ဝင်လိုက်ပြီး အသာလေးထိုင်နေလိုက်တယ် ။

ကားလေးလည်း စပြီးထွက်ပြီ ထိုအမျိုးသမီးကတော့ငြိမ်နေဆဲ လွန်းကလည်းငြိမ်နေတာ ဒါပေမဲ့စိတ်ထဲမှာတော့အဲ့အမျိုးသမီးနဲ့ရင်းနှီးသလိုခံစားနေရတယ် အဓိက ကသူမဆီက ရတဲ့ကိုယ်သင်းနံ့ကတီချယ့်ကိုယ်သင်းနံ့နဲ့သိပ်တူ တယ်။

ကားဆောင့်လိုက်တဲ့တစ်ချက်တစ်ချက် လွန်းပခုံးပေါ်ကိုထိုအမျိုးသမီးရဲ့ခေါင်းလေး စောင်းပြီးကျကျလာတယ် သူမနဲ့နီးကပ်လာလေလေ ကိုယ်သင်းနံ့သင်းသင်းလေးကပိုပြီးရင်းနှီးလေလေ နောက်ဆုံးမနေနိုင်တော့လွန်းလည်း ခေါင်းလေးစောင်းပြီး ကြည့်လိုက်တော့ လွန်းအံသြသွားတယ် တီချယ် တကယ်ဘဲတီချယ် ဘာလို့မပြောတာလဲ ။

"လွန်း အံ့သြသွားလား တီချယ်ကိုမြင်တော့ "

"ဟုတ် တော်တော်လေးကိုဘဲ..ဘာလို့ကြိုမပြောရတာလဲ "

"ဟောတော် ရှင့်ကိုအံ့သြစေချင်လို့ကြိုမပြောတာပါဆို "

"တီချယ် "

"ရှင့်.. "

"လွန်းမိဘတွေကိုပြောလိုက်တာတီချယ်ပေါ့ဟုတ်လား "

"အွန်း... ဟုတ်တယ်လေ လွန်းကိုလိုက်စေချင်လို့ "

"အွန်းပါ..."

"ဘာ.... အွန်းလည်း မင်းကတို့လိုက်လာတာမကြိုက်လို့လား "

"မဟုတ်ရပါဘူး...တီချယ်ရယ် "

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now