"မောင်ရယ်... ပြန်နိုးလာပါတော့ကွာ...တို့ရင်တွေနာရပါပြီ။"
"ဒီလောက်ဆို တို့ကိုပစ်ထားရတာကျေနပ်ပြီမလား..."
နန်းရင်တွေနာလှပြီး လွန်းမေ့မျောနေသည်မှာအခုနေ့နဲ့ဆို ၄ရက်မျှရှိနေပြီဖြစ်သည်။ ဆရာဝန်ကတော့မစိုးရိမ်ဖို့ပြောပေမဲ့ နန်းကတော့ စိတ်မချနိုင်ပါ။ လွန်းပြောဖူးခဲ့တဲ့ စကားလေးကိုပြန်အမှတ်ရမိသည်။
"တီချယ်လွန်းကိုချစ်နေသ၍လွန်းက ဘေးကင်းတယ်တဲ့ ဘာကြောင့်ဆို တီချယ့်အချစ်တွေနဲ့လွန်းကိုလွှမ်းခြုံထားတာမို့တဲ့လေ"
မောင်ရယ် အခုတို့မင်းကိုနေ့စဥ်နေ့တိုင်းအချစ်တွေနဲ့လွှမ်းခြုံပေးနေတာတောင် မင်းက နိုးထမလာဘူးကွယ်။နန်းသက်ပြင်းလေးချရုံမှတစ်ပါးမတက်နိုင်တော့ပေ။
11:30 PM
အသက်ရူသံပြင်းပြင်းတို့ကြောင့်နန်းရုတ်တရက်နိုးလာခဲ့သည်။
မောင့်အသက်ရူနေသည့်ပုံစံမှာ သက်သက်သာသာတော့မရှိလှပါ နဖူးမှာလည်းချွေးစေးများရွှဲနေသည်။
နန်းလည်းပုဝါလေးနဲ့နဖူးစပ်နားကချွေးလေးတွေကိုသုတ်ပေးလိုက်ပြီး အခြေအနေခဏစောင့်ကြည့်နေလိုက်သည်။အခြေအနေဆိုးရင်ဆရာဝန်သွားခေါ်ရမည်မလား။မကြာဘူးမောင်ပြန်ပြီးငြိမ်သွားပြန်တယ် ။ဒီနေ့တစ်ညတော့မောင့်ကိုနန်းစောင့်ကြည့်ရတော့မည် ။
မနက်မိုးလင်းခါနီးမှနန်းအိပ်ပေါ်သွားသည်။
"ဟင်း...လွန်းဘယ်ရောက်နေတာလဲ..."
လေးလွန်းတဲ့ မျက်ခွံတွေကိုအံတုရင်းမျက်လုံးကိုဖွင့်ကြည့်မိတော့ မြင်လိုက်ရတာက မျက်နှာကျက်ဖြူဖြူတို့နဲ့အတူရူရှိုက်မိသည်ကဆေးနံ့တွေ ခေါင်းရဲ့နာကျင်မှုသည်ကလည်းအတိုင်းထက်အလွန်သေချာသည်ကတော့သူဆေးရုံကိုရောက်နေသည်ဆိုတာပါဘဲ။
ထို့နောက်သတိထားမိသည်က ရင်ဘတ်ပေါ်၌လေးလံနေသည့် အရာတစ်ခု ခေါင်းကိုအသာကြွကြည့်လိုက်တော့မှ အမျိုးသမီးတစ်ယောက်မှန်းသိလိုက်ရသည်။
ထိုအမျိုးသမီးကို ရင်းနှီးသည်ဟု ခံစားရပေမဲ့ စဥ်းစားကြည့်၍လည်းမရဖြစ်နေသည်။"အန် အန် တီ.... "
"အန် တီ ..."
"ဟင်...."
YOU ARE READING
တီချယ်သည်သာ မြတ်နိုးရာ
Teen Fictionတီချယ်သင်တဲ့ ပုစ္ဆာတွေကနားလည်ရလွယ်ပေမဲ့... တီချယ်ကတော့နားလည်ရသိပ်ခက်တဲ့အမျိုးသမီးတစ်ယောက် မောင်တော့လေ နားလည်ရသိပ်ခက်တဲ့တီချယ်ကိုချစ်ခဲ့မိပြီထင်ပါရဲ့.....💔