15

5.6K 355 5
                                    

လွန်းတို့နားပြီးခဏနေတော့ ဘုရားကြီးသွားဖို့ပြင်ကြတယ် ။

တီချယ်ကသူဝတ်နေကျရင်ဖုံးလက်ရှည်ရင်စေ့လေးနဲ့ ထဘီလေးကို ခြေမျက်စိဖုံးအောင်ဝတ်ထားတယ် လှတယ် ယဥ်တယ် အမြဲအဖြူအစိမ်းလေးနဲ့ဘဲ မြင်ဖူးတဲ့တီချယ်ကအခု ပန်းနုရောင်ဝမ်းဆက်လေးနဲ့ သူစီးနေကျကတ္ထီပါဖိနပ်အနီလေးအစား မရမ်းရောင်ဖျော့ဖျော့ ကတ္ထီပါဖိနပ်လေးကိုစီးထားတယ် အမြဲထုံးဖွဲ့ထားတတ်တဲ့ ဆံနွယ်တွေကိုအခုချထားပြီး ဆံညှပ်လေးနဲ့တစ်ဝက်ခွဲညှပ်ထားတဲ့ မောင့်အမျိုးသမီးကလေ သိပ်ကိုကျက်သရေရှိလွန်းပါတယ် မဟုတ်ဘူး အဲ့ထက်ပင်ပိုနေပြီထင်ပါရဲ့.....။

လွန်းကတော့ပေါ့ပေါ့ပါးပါး စတိုင်ပန်ဘောင်းဘီအနက်လေးနဲ့ တီရှက်အဖြူလက်ရှည်လေးကို ဝတ်ထားပြီးစွတ်နေကျရေမွှေးလေးကိုစွတ်လာလိုက်တယ် ။

လွန်း တီချယ့်ကိုကြည့်နေမိတယ် လှလွန်းလို့ပေါ့ တီချယ်ကတော့လွန်းကိုသတိမထားမိသေးပါဘူး သူ့ရဲ့မရဲတရဲဖြစ်နေတဲ့ နှုခမ်းပါးပါးလေးတွေကိုရဲဆေးတွေတင်နေလေတယ် ။ကြည့်နေရင်းကနေ တီချယ့်ရဲ့ရဲနေတဲ့နှုခမ်းသားတို့ကို ထိတွေ့ချင်မိတဲ့စိတ်တို့ကိုထိန်းချုပ်နေရတာတော့မလွယ်ကူဘူးပေါ့....

"တီချယ် သွားကြတော့မလား လွန်းတို့.."

လွန်းပြောတော့ လွန်းကို လှည့်ကြည့်လာတဲ့တီချယ် လွန်းကို တစ်ကိုယ်လုံးခြုံပြီးကြည့်နေတာလွန်းကြက်သီးတောင်ထမိတယ်။

"မင်းကဘယ်လိုဝတ်ထားတာလဲ ဘုရားသွားမှာကိုဘောင်းဘီကြီးနဲ့..."

"တီချယ် လွန်းမှာကဘောင်းဘီတွေဘဲရှိလို့ပါ ထဘီကဝတ်လည်းမဝတ်တတ်ဘူး ကျောင်းစိမ်းထဘီကလွဲလို့မရှိလို့ပါ...😅😁"

တီချယ်ကြည့်ပြန်ပါပြီလွန်းကို သူ့ရဲ့ညို့ချက်ပြင်းတဲ့ အကြည့်တွေကို ဒီကမခံနိုင်ဘူးဆိုတာသူမသိလေရော့သလား..။

"ကောင်းပြီ... ဒီတိုင်းဘဲ လိုက်ခဲ့ပေါ့..."

လွန်းတို့လည်းအခန်းအပြင်ထွက်လာတော့ ကြက်တို့ဝက်ပုတို့ကစောင့်နေကြပြီ... ။

"ဟဲ့ လွန်းမခမောင် ဘယ်လိုကြီးဝတ်လာတာလဲ ဘုရားသွားမှာကို "

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now