24

6.4K 369 23
                                    

လွန်းလည်းနေကောင်းလို့ကျောင်းပြန်တက်နေပြီ။ လွန်းအမျိုးသမီးလေးကတော့ လွန်းအပေါ်ချွဲဆဲ နွဲ့ဆဲဆိုးဆဲ စိတ်ကောက်ဆဲ....
အမှန်က ကိုယ်က အငယ်ဆိုပေမဲ့ သူ့ကိုမချွဲဘူးသလောက်များတယ် ။သူကကြည့်ချွဲတာဆိုတာ ချစ်စရာမောင့်ကလေးငယ်ပါ။
လွန်းလည်းကျောင်းမှာ ထမင်းစားနားတုန်းခဏ ကုက္ကိုပင်ကြီးမှာရှိတဲ့အုတ်ခုံလေးပေါ်မှာတစ်ယောက်တည်းထိုင်နေတုန်း တီချယ်ရောက်လာပြီး လွန်းကိုစနေလေရဲ့....

"မောင် ထမင်းစားချင်ပြီလား ဒါမှမဟုတ် နန်းကိုစားမလား...."

"ဟမ်...အဲ့တာဘယ်လိုစကားလဲ.... "

"သိဘူးလေ မောင်တို့နွေဦးလွင်တို့တွေပြောနေကြတာလေ ဘာစားမလဲ ငါ့ကိုစားမလားဆိုပြီးပြောနေကြတာလေ..."

"ဟောဗျာ... အဓိပ္ပာယ်မသိဘဲနဲ့မောင့်အမျိုးသမီးကတော့... "

"မသိသေးဘူးဆိုရင်လည်းသိအောင်လုပ်ပေးလေ ..."

''တကယ်သိချင်တာလား..."

"မောင်ပြောပြမယ်ဆိုရင်သိချင်တာပေါ့လို့...."

"ဒီနားလေးကိုနည်းနည်းတိုးပြောပြမယ်..."

"မွ...လွမ်းနေခဲ့တာဒီပါးပြင်လေးကို..."

"ဟာမောင်ကကွာ ဘာမှန်းလည်းမသိဘူး တို့ကအကောင်းမှတ်လို့ကို..."

"အကောင်းဘဲလေ မဟုတ်ဘူးလား..."

"ကောင်းတာတော့ကောင်းတယ်...အာ.. မောင်ကွာ မကောင်းဘူး...ဟွန့်....တို့သွားပြီ''

အပျိုကြီးရှက်ရမ်း ရမ်းပြီးသွားပါပြီ။ပါးလေးတွေကရဲနေတာဘဲ နားဖျားလေးတွေကအစရဲတက်နေတာဘဲ တီချယ်ရယ် မောင့်ရဲ့ချစ်မဝလေးရယ်....

လွန်းတို့ကျောင်းတက်လိုက် စာမေးပွဲတွေဖြေလိုက် စာတွေကျက်လိုက် အမျိုးသမီးလေးကိုစလိုက်နောက်လိုက်နဲ့ သူမကလည်းစိတ်ဆိုးလိုက်စိတ်ကောက်လိုက် ငေါက်လိုက်ကြိမ်းလိုက်နဲ့ တစ်နှစ်တာကုန်ဆုံးခဲ့ပြီး ကျောင်းသားဘဝ အဖြူအစိမ်းလေးဝတ်ရပြီးကျောင်းတက်ရတဲ့ဘဝလေးကိုနှုတ်ဆက်လို့ တက္ကသိုလ်ဆိုတဲ့ ကိုယ်နဲ့သက်ဆိုင်ရာ နောက်ကျောင်းဝန်းတစ်ခုဆီသို့ခြေဆန့်ခဲ့ရပြီလေ.... သူမကိုတော့လွမ်းမိပါရဲ့.... မောင့်အမျိုးသမီးရယ်ဆိုပြီးအပြေးသွားဖက်လို့မရတော့တဲ့အခြေအနေ သိပ်စိတ်ပျက်စရာကောင်းသည်။သူမ မရှိတဲ့အရပ်က အရာရာခြောက်ကပ်ဖွယ်ကောင်းလွန်းတယ်။
မောင်ရယ်ဆိုပြီး ချွဲသံလေးတွေကိုလည်းလွမ်း... လွန်း စနောက်လိုက်ရင် တခစ်ခစ်နဲ့ စိတ်လိုလက်ရရယ်သံလေးတွေကိုလည်းလွမ်းမိပါရဲ့.... မသိမသာ နှုခမ်းလေးဆူပြီး စိတ်ဆိုးတတ်တဲ့ အမူအရာလေးတွေကိုလည်း လွမ်းနေတော့မှာအသေအချာပါဘဲ.... ထိုအမျိုးသမီး ညို့ကွင်းက လွန်း တစ်ယောက်အပေါ်မှာဘဲ ညို့လွန်းပါတယ်။

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now