10

5.4K 341 8
                                    

"လွန်းမခမောင်... လွန်းမခမောင်....."

"ဗျာ တီချယ် "

"မင်းဘာလုပ်နေတာလဲ တို့ခေါ်နေတာကြာပြီလေ...."

"ဟုတ်လား....လွန်း မသိလိုက်လို့ပါ တီချယ် "

"မင်း ဘာကြိုက်လဲ...."

"တီချယ့်ကိုလေ... "

"ဟာ ငါထသတ်လိုက်ရသေတော့မယ် ပြောင်ချော်ချော်တွေလုပ်မနေနဲ့..."

"ဘာစားချင်လဲ"

"တီချယ့်ကို"

" ဘာလုပ်ချင်လဲ..."

"တီချယ်ကို "

"နှာဘူး... ဘုန်း...."

"အား နာတယ် တီချယ်ရဲ့ တီချယ်က ဆက်တိုက်ပြောနေတော့ လွန်းကယောင်ပြီး ရောပြောမိတာပေါ့လို့ နေပါအုံး တီချယ်ကလွန်းကိုအဲ့တာတွေဘာလို့လာပြောနေတာလဲ..."

"ဘာမှမဟုတ်ဘူး မင်းကိုစချင်လို့ ကိုယ့်စာကိုယ်ပြန်လုပ် ငေးငိုင်မနေနဲ့ "

"တီချယ် လွန်းပြောလိုက်တာတွေကိုစိတ်ဆိုးလားဟင် မနက်က စကားတွေကိုကော အခုကော... တမင်မရည်ရွယ်ပါဘူး....."

"အဲ့တာတွေခေါင်းထဲမထည့်နဲ့စာဘဲလုပ် စိတ်ကစားတွေဆိုတော့လည်းကစားတယ်ပေါ့ တို့ခေါင်းထဲမထည့်ပါဘူး... စာဘဲသေချာလုပ်..."

"ဟုတ်ကဲ့ တီချယ်...လွန်းနောက်ဆို ဘယ်တော့မှာ အဲ့စကားတွေမပြောတော့ပါဘူး ချစ်တယ်ဆိုတာရောပေါ့...."

"အင်း...."

တီချယ်ထွက်သွားတာလေးကိုငေးကြည့်ရင်း သက်ပြင်းလေးတွေချမိတယ် ။
တီချယ်ရယ် လွန်းကချစ်တာမဟုတ်တော့ဘူး တီချယ် မြတ်နိုးမိနေပြီ ။

နန်းကတော့ဘာရယ်မဟုတ်ဘူး မနက်က သူပြောသွားတာလေးတွေကိုပြန်စဥ်းစားရင် စိတ်ကစားပါတယ်လို့ပြောတဲ့အချိန်တုန်းကလွန်းမျက်ရည်လေးတွေဝဲနေတာ နန်းမြင်နေရတယ်လေပြီးတော့ အပေါ်ထပ်တက်လာရင်း လွန်းစာရေးနေတာမြင်တော့ စကားသွားပြောမိတာပါ လွန်းကလေ နားချိန်လေးမှာတောင်သူအပြင်မထွက်ဘူးသူ့ရဲ့မပါမဖြစ်နဲ့ ထိုင်ပြီးစာရေးနေတယ်...နန်းက စကားသွားပြောပေးတာကို ပရမ်းပတာတွေပြန်ဖြေနေတာ အဲ့ကလေး ထုချင်စရာကောင်းတယ် တကယ်ကို...။
ပြီးတော့ လွန်းပြောလိုက်တဲ့နောက်ဆုံးစကားက ရင်ထဲဆို့နစ်သွားသလိုခံစားလိုက်ရတယ်
နောက်ဆိုဘယ်တော့မှချစ်တယ်လို့မပြောတော့ပါဘူးတဲ့ အဲ့လောက်ထိပြောဖို့တော့မလိုပါဘူးကလေးငယ်ရယ် တို့ဝန်မခံပေမဲ့မင်းဆီက အဲ့စကားလေးကိုတော့ကြားချင်မိတယ်...အသံသြသြလေးနဲ့ တီချယ်ကို ချစ်လွန်းလို့ပါ လို့ပြောပေးပါအုံးလို့တီချယ့်တောင်းဆိုချင်ပေမဲ့ တို့မပြောရက်ဘူးကွယ်....

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now