5

5.5K 364 4
                                    

နန်းဒီနေ့လေးကျောင်းကိုစောပြီးရောက်နေတာလေ... အဲ့တာနဲ့အခန်းထဲသွားပြီး ကျောင်းခေါ်ချိန်စာရင်းတွေသွားပြီးကြည့်မလို့စိတ်ကူးနဲ့ အပေါ်တက်လာခဲ့တာ နန်းအပေါ်ရောက်တော့ ယောကျာ်းလေးတွေကတော့တစ်ယောက်မှမရှိကြဘူး....ထင်တဲ့အတိုင်းယောကျာ်းလေးသဘာဝပုဆိုးဂရင်းတိုက်နဲ့ မိန်းကလေးတွေကို လိုက်ကြည့်လိုက်ငမ်းနေကြတာပေါ့ ...အဲ့လိုကျောင်းသားတွေဆိုနန်းတော်တော်လေးကိုအမြင်ကပ်တယ်သိလား သူတို့ကိုသူတို့မင်းသားများထင်နေကြသလားမသိဘူး....မိန်းကလေးတွေကိုကြည့်မိတော့လွန်းတို့အုပ်စုဘဲ ရှိတယ်. အဲ့အုပ်စုကလည်းမိန်းကလေးတွေသာပြောတယ် တအားကိုအစအနောက်သန်တာ နန်းကိုဆိုခဏခဏစတာ ပြီးတော့ပြောသေးတယ် အပျိုကြီးကိုချစ်လို့စတာပါတဲ့ မုန်းစရာကောင်းလိုက်တဲ့ကလေးတွေပါလေ အဲ့အထဲမှာအဆိုးဆုံးကတော့ လွန်းမခမောင်ဆိုတဲ့ ကလေးစုတ်ကအဆိုးဆုံးဘဲ ...ဒါပေမဲ့အခုမနက်တော့အဲ့ဒီ လွန်းမခမောင်ကျောင်းကိုမလာသေးဘူး သူနောက်ကျနေတာထင်ပါရဲ့....နန်းလည်းတွေးရင်း စာအုပ်တွေကြည့်နေလိုက်တာ အနားဘယ်သူရောက်နေတယ်ဆိုတောင်မသိလိုက်ဘူး....

"တီချယ်..."

နန်းကြားပါတယ် နန်း နားကိုတိုးတိုးလေးကပ်ခေါ်နေတာ ဘယ်သူရှိမလဲ နန်းကို တီချယ်လို့ခေါ်တဲ့သူက တစ်ခန်းလုံးမှာလွန်းမခမောင်ဆိုတဲ့ ကလေးစုတ်ဘဲရှိတာ ပြီးတော့အဲ့ကလေးကလေ ရေမွှေးကြိုက်သည်ထင်ပါရဲ့ လူမရောက်သေးဘူး သူ့ရေမွှေးနံ့ကအရင် အဲ့အနံ့ကိုနန်းသူကျောင်းလာအပ်တဲ့နေ့ကတည်းက သတိထားမိနေတာကြာပြီ သူ့အနံ့ကစူးရှရှထင်ရပေမဲ့ယဥ်ပါတယ်လေ...
မဆိုးဘူး အနံ့လေး..

"တီချယ်လို့ ...တီချယ်..."

"ပြော..လွန်းမခမောင် အနားလာပြီးခေါ်နေတာ နားတွေတောင်ယားလာပြီ.."

" ဟာ... တီချယ်ကလည်းနားပူတာမဟုတ်ဘူးလား နားကဘာလို့ယားတာလဲ...."

"မရှည်နဲ့ ငါယားတယ်ဆိုယားလိုက် ...ကဲ... ဘာပြောမလို့လဲ ပြောမြန်မြန်လေး..."

"တီချယ့်ကိုဒါလေးပေးချင်လို့ပါ...."

တကယ်သိလား အဲ့ကလေးကလေ အရပ်ကြီးက အရှည်ကြီး နန်းကိုဆိုရင် အမြဲမျက်နှာငယ်လေးနဲ့ ကြည့်ပြီးစကားပြောတာ..။

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now