7

5.3K 356 1
                                    

တီချယ်စိတ်ဆိုးပြီးလွန်းကိုမခေါ်ပြန်ဘူး...တီချယ်ဟာလေသူလည်းမှားသေးတယ်သူကဦးအောင်စိတ်ဆိုးနေတာ တကယ်ကိုခက်တဲ့အမျိုးသမီး...

"တီချယ်...တီချယ်..."

"ဘာလဲ..."

"ဟိုမုန့်စားမလား... လွန်းဝယ်ကျွေးမယ်လေ.."

"မုန်းစားရအောင်ငါက ကလေးလား...မစားဘူးလာလည်းမခေါ်နဲ့...."

"တီချယ်ကလည်းကွာ.."

"ဘာလဲ ဘာလဲ... မင်းငါ့ကိုစိတ်မရှည်တော့ဘူးမလား...သွားပါ...လာမခေါ်နဲ့တို့ကို..."

"တီချယ်ကလည်းစိတ်ကြည့်ဘဲဗျာ...ဒီမှာလွန်းကမုန့်လာကျွေးတာပါ..."

လွန်းလက်ထဲမှာ cake လေးတစ်ခုနဲ့ အသီးကိုသေချာဖျော်ပြီးထည့်ထားတဲ့ဖန်းဘူးလေးတစ်ဘူး....။

"တီချယ်စားစေချင်လို့လွန်းကကိုယ်တိုင်လုပ်လာပေးတာစားလိုက်ပါနော်...."

"မစားနိုင်ဘူးဆိုရင်ကော....."

"စားလိုက်ပါတီချယ်ရယ် လွန်းအစောကြီးထပြီးလုပ်ထားရတာကို..."

"အင်း...ထားခဲ့...မင်းကကောဘာစားပြီးပြီလဲ..."

"ရတယ်....လွန်းကကော်ဖီသောက်...."

"မင်းလည်းအဲ့ဟာတွေဘဲသောက်နေ....မင်းကိုလည်းတို့မနိုင်တော့ဘူး...."

"ဟုတ်ကဲ့...လွန်းနောက်ကျရင်လျော့သောက်ပါ့မယ်.... "

"အင်း....ပြန်တော့"

နန်းလည်းလွန်းပြန်သွားတော့ သူလုပ်လာပေးတဲ့ကိတ်လေးကိုစားကြည့်တာမဆိုးပါဘူး ကောင်းတယ် အရသာက banana.အရသာလေး...နန်း အဲ့အသီးကြိုက်တာသူဘယ်လိုသိတာလဲတော့မသိဘူး ဖျော်ပေးတဲ့အအေးကလည်းတကယ်ကိုကောင်းတယ်မနက်တိုင်းသူဖျော်ပေးတဲ့ ဖျော်ရည်လေးသောက်ရရင် ဘယ်လောက်ကောင်းမလဲလို့တောင်ရူးကြောင်ကြောင်နဲ့နန်းတွေးမိလိုက်သေးတယ်....သူ့အရွယ်လေးနဲ့ ဒါတွေလုပ်တတ်နေပြီဆိုတော့ တော်တယ်သိလား...။

"မဥမ္မာ မုန့်စားတာတောင်ပြုံးစိစိနဲ့အချစ်တော်မုန့်လာပေးသွားတာမလား..."

"ဟာ...ဘာကိုအချစ်တော်တုန်း....အဲ့ကလေးကပြောစကားဆိုစကားနားမထောင်ဘူး ဘာမှအချစ်မတော်ဘူး....ဟွန့်..."

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now