13

5.1K 375 2
                                    

လွန်းတို့လည်းဘာလိုလိုနဲ့ အချိန်ကုန်လာပြီ စာသင်ရက်တွေတောင်များလာလို့ လပတ်စာမေးပွဲတောင်ဖြေရတော့မယ်။

တီချယ်ကတော့ သူ့ပုံမှန်အတိုင်းဘဲ ကျောင်းသားတွေအပေါ်ဆက်ဆံဆဲ ပုံမှန်မဟုတ်တာကတော့ လွန်းကို တအားချွဲတာပါ တစ်ခါတစ်ခါလွန်းတောင်တွေးမိတယ် လွန်းကကလေးလား သူက ကလေးလားဆိုတာ​လေ အေးပေါ့ လွန်းအတွက်တော့ သူမကလွန်းမြတ်နိုးရတဲ့ကလေးငယ်လေး။

တစ်ခါတစ်လေ တီချယ်ကလေ စိတ်ကူးပေါက်ရင်ပေါက်သလို လွန်းမခလို့ခေါ်ပြီးတော့မှ မောင်ဆိုပြီးခွဲခေါ်တတ်သေးတာ အသဲယားစရာကောင်းလွန်းတဲ့မောင့်သက်လျာရယ်ပါ။

"လွန်းမခ. မောင် ဘာတွေစဥ်းစားနေတာလဲကွာ တို့ရောက်နေတာတောင်မသိဘူးလား "

ဟောကြည့် ခေါ်ခွဲပြန်ပြီဒီနာမည်လေးကို...

"တီချယ် လွန်းနာမည်ကို ခွဲခေါ်မဲ့အစား မောင်လို့တစ်လုံးတည်းခေါ်ရင်ပိုပြီး သဘောကျမိမှာ "

"အို ...ဒီကလေး ဘာလို့ခေါ်ရမှာလဲ မင်းကတို့ချစ်သူမှမဟုတ်တာ "

"အခုမဖြစ်လည်းနောင်ဖြစ်မှာဘဲလေ... "

"ဟာ လွန်းမခမောင် ဘယ်လိုဖြစ်နေတာလဲ အခုလည်းမဖြစ်ဘူးနောင်လည်းမဖြစ်ဘူး "

"သေချာရဲ့လား မောင့်သက်လျာရယ် "

"လွန်းမခမောင်....😡💥"

"ချစ်လွန်းလို့စမိတာပါ အမိရယ် "

"ဘာကိုအမိလဲ နင့်ထက်အများကြီး ကြီးတယ်ဆိုတာမေ့နေတာလား ...ဟမ်"

"အား နာတယ် တီချယ်ရဲ့ လွန်းကစတာပါ စိတ်မဆိုးပါနဲ့နော် "

"စိတ်ဆိုးတယ်... သွား လာမခေါ်နဲ့ "

"တီချယ်...တီချယ်...သက်လျာ.... သက်လျာ....မောင့်သက်လျာလေး.."

"လွန်း မခ မောင် ဘာဖြစ်ချင်နေတာလဲ "

"တီချယ်နဲ့ဖြစ်ချင်နေတာလေ "

"ဟာ ပြောလေ ကဲလေ ပါလား ရှင်က "

"မဟုတ်ပါဘူး လွန်းကမကဲပါဘူး လွန်းကတီချယ့်ကိုဘဲ...

"တော်တိတ် စာလုပ်တော့ အမှတ်နည်းလို့ကတော့ သေမယ် ဟင်းဟင်း.. "

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now