19

5.3K 322 21
                                    

နန်းနဲ့လွန်းရဲ့ဆက်ဆံရေးက အရင်လို မဟုတ်တော့ဘူး တီတီတာတာ အကြင်နာစကားတွေလည်းမပြောရတော့ဘူး တစိမ်းတွေထက်ကို ပိုစိမ်းနေကြတဲ့အနေအထား ဒါပေမဲ့ တီချယ့်ကို ပန်းလေးပေးမြဲ ထိုပန်းကတော့လွန်းမျက်ရည်တို့စိုခဲ့တာပေါ့ အရာအားလုံးအတွက်ပြီးဆုံးသွားပြီ ဒါပေမဲ့လွန်း တီချယ့်ကိုချစ်တယ် အရာအားလုံးထက်ပိုပြီးတော့ချစ်တယ်... ။

"လွန်း တီချယ့်ကို ဒါလေးကူပြီး သယ်ပေးပါအုံး..."

"ဟုတ်ကဲ့..."

လွန်းရဲ့စကားသံဟာအေးစက်စက် အရင်လိုမနွေးထွေးတော့ဘူး... ။

ဒီလိုနဲ့လွန်းတို့ကျောင်းရဲ့စာကြည့်တိုက်ဆောင်ဆီသို့ ဦးတည်ပြီးလျှောက်လှမ်းခဲ့ကြတယ် ။
လွန်းနဲ့တီချယ်နှစ်ယောက်ထဲပေါ့။

အရင် အချိန်တွေကို ပြန်သတိရနေသေးတယ် ဒီအဆောင်မှာဘဲ လွန်းတီချယ့်ကို ဖွင့်ပြောခဲ့တာလေ။

ထိုအချိန်တုန်းကတော့ တီချယ့်က အပြုံးမပြတ်ဘဲ လွန်းကိုအဖြေပေးခဲ့တယ်လေ ။
သူလည်းလွန်းကိုချစ်တယ် တဲ့ဒါပေမဲ့ သူ့တပည့်လေးလိုတဲ့....

အတိတ်တွေကိုပြန်စဥ်းစားရင်းမျက်ရည်လေးတွေဝဲမိပါရဲ့ တီချယ့်ကိုသူဘယ်လောက်ချစ်တယ်ဆိုတာ သူဘဲ သိတာမို့ ထုတ်ဖော်ပြောကြားဖို့ခက်ခဲတဲ့အခြေအနေတွေဖြစ်ခဲ့ကြပြန်​ပြီလေ။

နန်း ထိုကလေးကို ချစ်တယ် ဒါပေမဲ့ အနှောင်အဖွဲ့တွေများလွန်းနေတယ် ။
နန်းအသက်40ပြည့်တော့မယ် အခုချိန်ထိ မေမေ့စကားတွေကိုနာခံနေရဆဲဘဲ မလွန်ဆန်နိုင်ခဲ့ဘူး....

"မောင် တို့ကို ဖက်ထားချင်သလား..."

"ဟင့်အင်း...."

"မောင်..."

"ပြတ်သားရမယ်ဆိုရင်အဆုံးထိပြတ်သားပါရစေ ထက်ပြီးဒဏ်ရာတွေမပေးပါနဲ့ လွန်း ဒီထက်မခံစားနိုင်တော့လို့ပါ...."

"မောင်ရယ်.."

နန်း မျက်ရည်တို့မထိန်းနိုင်တော့ပါ။
မောင်ကိုလေ တွေ့ချင်လွန်းလို့ဒီလို လိမ်ပြီးခေါ်လာရတယ်ဆိုတာနန်းဘဲ သိတယ်။
အခုတော့သူက နန်းကို စိမ်းကားနေပြီးထက်ပြီးဒဏ်ရာတွေမပေးပါနဲ့တော့တဲ့....ဟုတ်ပါတယ် နန်းကရက်စက်ခဲ့တာကို....။

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now