11

5.2K 348 6
                                    

တီချယ်နဲ့လွန်း ပြန်အဆင်ပြေသွားပြီဘဲပြောရမလား အရင်လိုလေး ဆက်ဆံရေးကပြန်ပြီးပူနွေးသွားပြီပေါ့ တစ်ခုပါဘဲ လွန်း တီချယ့်ကိုချစ်တယ် လို့တော့မပြောဖြစ်တော့ဘူး တီချယ်က အဲ့စကားကြားမှမကြားချင်ဘဲ အခုလိုလေးဘဲကောင်းပါတယ် အပူအပင်ကင်းတဲ့ ဆရာတပည့် ဆက်ဆံရေးလေးဘဲ မဟုတ်ရင် အဲ့ဆက်ဆံရေးလေးပါ ပျက်ဆီးသွားနိုင်တယ်မလား ။

တစ်ခါ တစ်ခါတီချယ်နဲ့စကားပြောရင် ေယာင်ပြီ မောင်လို ပြောလိုက်မိရင် တီချယ့်ရဲ့ချစ်စရာမျက်စောင်းလေးတွေဆုချခံရော ပြီးတော့ အသံစူးစူးလေးနဲ့ အော်သေးတာ ဘာကို မောင်လည်း ဘယ်သူ့ကိုပြောနေတာလဲ နဲ့အော်လွှတ်တာ ပြီးတော့သူဘဲဦးအောင်ရှက်နေတာ တကယ်မလွယ်ဘူး အဲ့အပျိုကြီး ။

"တီချယ် ဘာလုပ်နေတာလဲ "

" တီချယ်လား စာစစ်နေတာလေ "

"တီချယ် ကိုလေ လွန်းတစ်ခါတစ်ခါ စဥ်းစားမိတယ် အချစ်ကို တီချယ်သင်တဲ့ သင်္ချာတွေလိုများတွက်ကြည့်နေလို့များ ရည်းစားမရှိတာလားလို့ .."

လွန်းပြောတော့ တီချယ်ကလွန်းဘက်လှည့်ပြီး မျက်မှောင်ကျုံ့ပြီး လွန်းကိုကြည့်နေတယ် ပြီးတော့မှ လွန်းပြောတာကို သဘောပေါက်သွားတဲ့ပုံနဲ့ မခို့တရို့ လေးပြုံးသွားတယ် ။
တီချယ်ကလေ မခို့တရို့ လေးပြုံးရင်ပါးချိုင့်သေးသေးလေးတွေပေါ်လာရော ပြုံးနေတာလေးကအစ အိန္ဒြေ သိက္ခာလေးနဲ့ ကျက်သရေရှိရှိပြုံးတာ တီချယ်ပြုံးနေတာလေးကိုကြည့်ရတာ ဂန္တဝင်ဆန်ဆန် ပန်းချီကားကြီးကိုငေးကြည့်နေရသလို ကြည့်နေတဲ့သူတောင် ရင်ထဲအေးချမ်းစေတာအမှန်။

"လွန်းကတော့လေ ပြောတတ်တယ် တီချယ်က အချစ်ကို သင်္ချာလို တွက်ပြီးချစ်တာမဟုတ်ပါဘူး မချစ်ချင်တော့လို့ကို မချစ်တော့တာ ။"

"ဪ... လွန်းကမျှော်လင့်ချက်လေးတောက်မရှိတော့ဘူးဘဲ ...နေပါအုံး တီချယ်က မချစ်ချင်တော့တာဆိုတော့ အရင်က ရည်းစားရှိတယ်ပေါ့ လွန်းကိုစပ်စုတယ်လို့တော့မထင်ပါနဲ"

တီချယ်က စာစစ်တာလက်စသတ်ပြီးတော့

"အင်း ရှိခဲ့ဖူးတယ် သူနဲ့တို့နဲ့က ၉နှစ်လောက်တွဲခဲ့ကြတာလေ ဒါပေမဲ့လည်းအချိန်တစ်ခုကြတော့ သူလည်းကိုယ့်ကိုလာမတွေ့တော့ဘူး ကိုယ့်လည်းသူ့ကိုမေ့ပစ်ခဲ့တာနဲ့ဘဲ ဆက်ဆံရေးတွေပြတ်ခဲ့ရတာပေါ့လေ အဲ့အကြောင်းတွေကြောင့်တို့ထပ်မချစ်ချင်တော့ဘူး ထပ်ပြီးတော့လည်း မခံစားနိုင်တော့ဘူး..."

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now