6

5.4K 369 7
                                    

တီချယ်ကလည်းတစ်နေ့ထက်တစ်နေ့ပိုပြီချစ်စရာကောင်းလာတယ်လို့လွန်းထင်မိတယ်...။
လွန်းကိုဆိ​ု​အေေမြဲကလေးတစ်ယောက်လိုမထင်ရင်မထင်သလိုချွဲလွန်းလို့လေ....လွန်းထင်မိသေးတယ်အပျိုကြီး အရမ်းချွဲလွန်းလို့များ ရည်းစားမရတာလားလို့ သူ့ရဲ့အချွဲဒဏ်တွေမခံနိုင်လို့ သူ့ကိုမချစ်ရဲကတာထင်ပါရဲ့.....လွန်းကတော့ချစ်ပါသည်....အဲ့အပျိုကြီးကိုလွန်းရူးနေအောင်ချစ်တယ်ဆိုတာသူသိရင်သိပ်ကောင်းမှာဘဲနော်....ေပးဖြစ်ခဲ့ပါတယ် နှင်းဆီဖြူလေးတွေ.....

တစ်ပွင့်ထဲသောနှင်းဆီဖြူလေးဟာတစ်မိုးအောက်က လွန်းချစ်ရတဲ့ တီချယ့်ဆိုတဲ့အမျိုးသမီးအတွက်ဘဲ ထာဝရဖြစ်နေစေမှာ....

"လွန်း ဘာတွေတွေးနေတာလဲကွယ်...တို့ကို စာအုပ်တွေလာသယ်ကူလို့ ပြောနေတာကိုအမြဲတမ်းတွေးနေတာဘဲ..."

ပြောပါပြီ ချစ်ရတဲ့ အမျိုးသမီးက သူ့ရဲ့အသံစူးစူးလေးနဲ့ ချစ်စရာကောင်းပြောပြီးလွန်းနားရွက်ကိုလာဆွဲတော့တယ်.... ။

"အား...တီချယ်ရယ်နာတယ်လေ..."

"ပိုပြန်ပြီ ကျွန်မဆွဲတာသာသာလေးပါနော်ရှင့်ကိုအရမ်းကြီးနာအောင်မလုပ်ပါဘူး...တော်ကြာ တီချယ်ကသူ့ကိုအနိုင်ကျင့်ပါတယ်ဆိုပြီးတီချယ်နားမလာတော့ရင် ကျွန်မကဘဲလူဆိုးမကြီးဖြစ်အုံးမယ်....ဟွန့်...

"ဟားဟား...တီချယ်ကလည်းလွန်းကတီချယ့်နားကိုအမြဲလာနေမှာပါ တီချယ်သာခွင့်ပြုရင်တစ်သက်လုံးဘဲ...."

"ဟုတ်ပါပြီရှင် ပိုလိုက်တာတစ်သက်လုံးတော့မလာနဲ့နော် တို့မင်းကိုထမင်းမကျွေးနိုင်ဘူး...."

"ဟာ...တီချယ်ကလည်းလွန်းကကိုယ့်ထမင်းစရိတ်နဲ့ကိုလာမှာပါနော်... "

"ဟုတ်ပါပြီရှင်....ဟုတ်ပါပြီ..."

နန်းဒီလိုအခြေနေလေးကိုဘဲသဘောကျမိတယ်...အဲ့ထက်ပိုတဲ့ဆက်ဆံရေးတွေကိုမလိုချင်ပါ ပြီးတော့အေးစက်သွားတဲ့ဆက်ဆံရေးမျိုးကိုလည်းမလိုချင်မိပါ...တကယ်တော့နန်းအဲ့ကလေးကို တကယ်အခြားသူတွေထက်ပိုတယ်ဆိုတာနန်းကိုယ်တိုင်လည်းသိပါသည်....နန်းတင်မကဘူးရှင်ငြိမ်းမယ်တောင်သိနေပြီ သူကဆို နန်းအတန်းနားလာရပ်ရင်တောင် ရုပ်ကစပ်ဖြီးဖြီးနဲ့လွန်းကိုကြည့်နေတာ အဲ့ကလေးကလည်း နန်းကိုတွေ့ရင်မနေနိုင်မထိုင်နိုင်လိုက်ကြည့်နေတာဆိုတာ ပါးစပ်သာဆိုရင်သရေတွေတောင်ထွက်ကျမလားဘဲအခုကမျက်လုံးနဲ့ကြည့်တာမလို့...ပြီးတော့တစ်နေ့ကလည်း နန်းက Bခန်းကို အတန်းဝင်နေတာ လက်ကစာရေးရင်းမြေဖြူတွေမှုန့်တွေပေလို့ဆို လက်သွားဆေးရင်းAခန်းဘက်ဖြတ်လျှောက်မိပါတယ် လွန်းဆိုတာ နန်းကိုကြည့်နေတာ မပြောချင်ဘူး နန်းလည်းမသိချင်ယောင်ဆောင်ပြီးလျှောက်လာပေမဲ့ အသံကြားလို့ပြန်လှည့်ကြည့်လိုက်တာ မှားတာဘဲ....

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now