8

5.1K 361 3
                                    

တိချယ်ကလည်း လွန်းပေါ် စိတ်ဆိုးလိုက် စိတ်ကောက်လိုက် လွန်းကလည်း စလိုက်နောက်လိုက် ကျီစယ်လိုက်နဲ့ အခုချိန်လေးတွေကပျော်စရာလေးတွေနဲ့ပြည့်နေခဲ့တာလေ အခုလိုအချိန်လေးတွေကိုရပ်ထားလို့ရရင်ရပ်ထားလိုက်ချင်ပါရဲ့.....။

"လွန်း....တီချယ့်ကို ဟိုတစ်ခါ လွန်းဖျော်လာပေးတဲ့ အအေးလေးမဖျော်လာပေးချင်ဘူးလားဟင်..."

"အယ် ဘယ်အအေးကိုပြောတာတုန်း...လွန်းမသိပါဘူး "

"ဟာ.. လွန်းကကွာမသိချင်ယောင်ဆောင်နေတယ် သိရဲ့သားနဲ့ မတိုက်ချင်လည်းနေပေါ့ မင်းဟာတို့မသောက်ဘူး....ဟွန့်...။

တီချယ်ရယ် သိပ်ကိုချစ်ဖို့ကောင်းတာဘဲ တီချယ်များစိတ်ကောက်ပြီး နှုခမ်းလေးဆူထားရင် ဒီကတပည့်ကအသဲတွေကိုယားလို့...သိပ်ပြီးစွဲလမ်းအောင်မလုပ်ပါနဲ့တီချယ်ရယ် ဒီကတပည့်ကစိတ်မထိန်းနိုင်းရင်ဆွဲစားလိုက်မှာနော်လို့ပြောကြည့် အထောင်းခံရမှာသေချာတယ်...။

"စတာပါ တီချယ်ရယ် လွန်းဖျော်ပေးပါ့မယ် ချစ်လွန်းလို့ တီချယ့်ကိုစတာပါ... ရွှေစိတ်တော်မညိုပါနဲ့နော်... "

"ပြောလိုက်ရင်တော့ ချစ်လွန်းလို့စတာပါ ချစ်လွန်းလို့စတာပါနဲ့ လူကိုစိတ်ကောက်အောင်အမြဲလုပ်တဲ့ကလေး..လွန်း မှတ်ထား ​ကျီစားသန်ကရန်များ၏ဆိုတဲ့စကားဆိုကအလကားထား ထားတာမဟုတ်ဘူးနော် မင်းစတာလည်းအချိန်အခါကြည့်စ သိပ်လွန်လာရင် တို့ကလည်းမင်းအတွက်ရန်ဖြစ်လာနိုင်တယ်..."

"ဘာလဲ...တီချယ်က လွန်းအတွက် မျက်စောင်းရန်တွေ... စိတ်ဆိုးစိတ်ကောက်မဲ့ရန်လေးတွေပေးသနားမယ်လို့ဆိုလိုတာမလား....သိပါ့ဗျာ... "

"မင်းနော်...တို့ကို အဲ့လိုမပြောနဲ့ထပ်ပြီးစိတ်ကောက်လိုက်မှာ ဟွန့်..."

"ဟော အခုကြည့် တီချယ် စိတ်ထပ်ကောက်ပြန်ပြီ.... ချစ်စရာကောင်းလိုက်တာတီချယ်ရယ်.... "

"အို....မင်းတော့နော်..."

တီချယ် နားဖျားလေးတွေရဲပြီးရှက်နေပုံလေးက ကြည့်လို့ကိုမဝဘူး နားဖျားလေးတွေတင်မကဘူး နှာဖျားလေးကပါ ရဲနေသေးတာ အသဲတွေယားလွန်းလို့ ခံတွင်းထဲငုံထားချင်ပါရဲ့...။

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now