25 (final)

12.4K 501 33
                                    

နွေဦးရာသီလေး ရွက်ဟောင်းတို့ကြွေလွှင့်ပြီးရွက်သစ်တို့ဝေတော့မယ်။ တစ်ချို့အပင်တွေက တော့နွေရောက်ရင် အရိုးပြိုင်းပြိုင်းနဲ့အကျည်းတန်လှပေမဲ့ ထနောင်းပင်တို့မှာတော့ အရွက်တို့ဝေဆာစွာလှပလို့နေလေသည်။
လွန်းသည် ထိုထနောင်းပင်ကြီးအောက်ရှိ အုတ်ခုံလေးပေါ်ထိုင်ပြီး တစ်ယောက်သောသူကိုစောင့်နေသည်။
မကြာဘူး... ကားအဖြူလေးတစ်စီးလွန်းရှိရာကို ဦးတည်ပြီး လာနေသည်။

ကားပေါ်မှဆင်းလာသည့်အမျိုးသမီးသည်လွန်းဆီကိုဦးတည်လာနေသည်။ သူကမြန်မာဝတ်စုံ နီညိုရောင်လေးကို သပ်သပ်ရပ်ရပ်လေးဝတ်ထားပြီး ယခင်ကထက်ပိုရှည်လာတဲ့ ဆံနွယ်တွေကိုရိုးရိုးရှင်းရှင်းပင် ခွကပ်လစ်လေးနဲ့တစ်ဝက်ခွဲကာညှပ်ထားပြီးသူမရဲ့ဆံနွယ်ရှည်တို့မှာ နေရောင်အောက်တွင်တလက်လက်တောက်ပနေသည်။ ထိုအမျိုးသမီးကဘယ်သူဖြစ်မလဲ... သေချာပေါက်လွန်းသိပ်ချစ်ရတဲ့ နန်းဥမ္မာဦးဆိုတဲ့ အမျိုးသမီးဘဲပေါ့။
တီချယ်က ဒီနှစ်တွေမှာသူ့ဆံပင်ကိုမညှပ်ပစ်ဘဲအရှည်ထားခဲ့သည်။လွန်းက ဘာလို့ဘာလို့မညှပ်တာလဲလို့မေးတော့ " မောင်က ဆံပင်ရှည်တွေကိုမြတ်နိုးတယ်ဆို အဲ့ကြောင့် တို့က ဆံပင်အရှည်ထားတာတဲ့''ပြီးတော့တစ်ခါတည်းပြောထားတယ်။ "မောင့်ကိုချစ်လွန်းလို့ တို့ဆံပင်အရှည်ထားတာနဲ့ အဲ့ကြောင့်တန်ဖိုးထားတဲ့အနေနဲ့အမြဲနမ်းရှိုက်ပါတဲ့''.....ကြည့် လွန်းအမျိုးသမီးလေးစကားသိပ်တွေသိပ်တက်နေပါတယ်ဆို....

"မောင်..."

''ရှင့်....''

"စောင့်ရတာကြာသွားလားဟင်...တို့နည်းနည်းနောက်ကျသွားတယ်။ အလှလေးပြင်နေလို့ မောင့်ဆီလာတာဆိုတော့ တို့လှနေဖို့လိုတာပေါ့ဟုတ်တယ်မလား..."

''မောင့်အမျိုးသမီးလေးက အစကတည်းကလှပြီးသားပါနော်တကူးတက ကြီးအလှတွေပြင်နေစရာမလိုပါဘူး...ဘာမှမပြင်လာဘဲ အိပ်ရာတည်းကနေ ဆံပင်ဆုတ်ဖွားလေး နဲ့ထလာရင်လည်းလှနေအုံးမှာဘဲ... သွားမတိုက်ဘဲ နေရင်လည်းမောင်က ချစ်နေအုံးမှာပါနော်..."

"မောင်ကကွာ တို့ကအဲ့လောက်ထိမညစ်ပတ်ပါဘူးနော်... ''

"ဟုတ်ပါပြီ မောင့်အမျိုးသမီးရယ်.... မောင့်ကိုအနမ်းလေးမပေးချင်ဘူးလား..."

You've reached the end of published parts.

⏰ Last updated: Jun 09, 2022 ⏰

Add this story to your Library to get notified about new parts!

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now