22

5.9K 392 21
                                    

လွန်း ဆေးရုံကဆင်းတော့ အိမ်မှာနေရသည်ကတော်တော်လေးသက်သက်သာသာရှိလှသည်။ တစ်ခုဘဲ ဟိုအမျိုးသမီး သူ့ကို မြင်ဖူးသလိုရှိပေမဲ့ ဘယ်လိုမှစဥ်းစားလို့မရဖြစ်နေတယ်။ သူ့ရဲကိုယ်သင်းနံ့က လွန်းတစ်ချိန်ကချစ်ခဲ့ဖူးသည့်အမျိုးသမီး၏ကိုယ်သင်းနံ့ နဲ့တူလွန်းလှသည် ။သူမ နေနိုင်လွန်းသည်ဟု တွေးမိပြန်တော့မျက်ရည်လေးတို့ဝဲမိပြန်သည်။အခုဆိုသူမက သူဘဝလေးနဲ့သူပျော်နေပြီ ငါကိုမေ့လောက်ပါပြီဟု တိတ်တိတ်လေးကြိတ်ပြီးဝမ်းနည်းနေပြန်သည်။လွန်းမခမောင် နင်ကအရူးဘဲဟု ကိုယ့်ကိုကိုယ်ကြိမ်ဆဲမိသည်။

"တီ တီ..."

လွန်းလည်းအိမ်ရှေ့က ကားဟွန်းတီးသံကြားလို့ထွက်ကြည့်လိုက်တော့ ဟော ဟိုအမျိုးသမီး လွန်းသတိထားမိပြန်သည်။သူကတီချယ်နဲ့လည်းမျက်နှာချင်းအတော်ဆင်သည်။

"အန်တီ ဘယ်ကိုလာတာလဲဟင်... လမ်းကြုံလို့လား..."

"ဘယ်ကိုမှမလာဘူး ဒီအိမ်ကိုဘဲတည့်တည့်လာတာလမ်းလည်းမကြုံဘူး...ဘာလဲ မင်းကတို့ကိုခရီးဦးကြိုမပြုချင်လို့မသိချင်ယောင်ဆောင်နေတာမလား... သွားပါ လာမခေါ်နဲ့... "

နန်းလည်းပြောပြီး စိတ်ကောက်ချင်ယောင်ဆောင်ကာ နှုခမ်းလေးဆူထားလိုက်သည်။

"ခွီး...ဟားဟား...ဟား...တောင်း တောင်းပန် ပါတယ်အန်တီရယ်...လွန်း ရဲ့ချစ်ရတဲ့တီချယ်ကိုသတိရသွားလို့ပါ။သူမကလည်းစိတ်ဆိုးရင်နှုခမ်းလေးက အလိုလိုဆူသွားရော ဘဲနှုခမ်းလေးလိုဘဲ..."

"ဟုတ်လား....သူကတို့လို ချစ်စရာကောင်းလား.."

"ဟင့်အင်း....သူကအန်တီ့ထက်တောင်ပိုပြီးလှသေးတယ် ပြီးတော့လေ ကျောင်းစိမ်းလေးနဲ့ဆိုသိပ်ကျက်သရေရှိတာ ပြောပြလောက်အောင်ကိုလှတာ ယဥ်တာဆိုတာ... "

"အမလေး... ဟုတ်ပါပြီတော်ပါတော့ လူကခေါင်းထိပြီး မှတ်ဥာဏ်မေ့သွားလို့ရယ်မဟုတ်ရင် သူ့ကိုတင်စားနေတာပြီးတော့မယ်မထင်ဘူး ကျွန်မတောင်မနာလိုဖြစ်လာပြီ အဲ့အမျိုးသမီးကို..."

"မနာလိုမဖြစ်ပါနဲ့အန်တီရယ်... လွန်းတီချယ်က အဖြူထည်လေးမလို့ အထိခိုက်မခံနိုင်ဘူးရယ်...
မနာလိုဖြစ်ချင်ရင် လွန်းကိုဖြစ်လေနော်လွန်းကသူ့ကိုအဲ့လောက်ချစ်ရလားဆိုပြီး..."

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now