3

6.1K 397 18
                                    

နောက်ရက်တွေလည်းပုံမှန်ဘဲလွန်းကျောင်းတက်ခဲ့တယ် တစ်ခုရှိတာက လွန်းရဲ့တီချယ်ကလေ လွန်းကိုသိပ်မခင်တော့သလိုလွန်းခံစားလာရတယ်သိလား...ဥပမာ လွန်းကိုတွေ့ရင်တောင်မျက်နှာတည်ကြီးနဲ့ကြည့်နေတာတို့....ပြီးတော့ စကားပြောတာတွေသိပ်မရင်းနှီတော့သလိုမျိုးပုံစံလေးတွေဖြစ်လာတယ်... မတက်နိုင်ပါဘူးလေ တီချယ်ကလွန်းကိုသတိမထားတော့ တီချယ်သတိထားမိအောင်လွန်းကလုပ်ရတော့မှာပေါ့တီချယ် ဒေါ်နန်းဥမ္မာဦးရယ်....

"လွန်းမခမောင်...မင်းဒီမှာဘာလုပ်နေတာလဲ.."

"ဪ. ဆရာမ လွန်းဆရာမကိုလာစောင့်နေတာလေ ဒါလေးပေးချင်လို့...

နန်းလည်းသူ့လက်ထဲကဟာလေးကိုကြည့်လိုက်တော့နှင်းဆီပန်းအဖြူလေးတစ်ပွင့် တော်တော်လေးကိုလှတဲ့ပန်းလေးပါနန်းပန်ရမှာတောင်နှမြောမိတယ်....(ဆရာမကသူ့ကိုယ့်သူနန်းလို့သုံးထားပါတယ်နော်)...

"ပေးလေ ဒါလေးပေးဖို့ကို ဒီနားလာစောင့်နေစရာလိုလို့လား အခန်းထဲရောက်မှပေးလည်းရတဲ့ဟာကိုကွယ်..."
နန်းလည်းပြောရင်းပန်းလေးယူလိုက်တော့ထိုကလေးကခပ်ရေးရေးလေးဘဲပြုံးပြီး...

"လွန်းကလေ တီချယ်တစ်ယောက်ထဲကိုဘဲပေးချင်တာမလို့တီချယ်တစ်ယောက်ထဲရှိတဲ့အချိန်လေးကိုလာပေးတာလေ အခြားသူတွေထက်တီချယ်ကိုလွန်းကနည်းနည်းလောက်တော့ပိုချင်မိလို့ရရဲ့လားတီချယ်..."

"အို....ဒီကလေးစကားတွေတော်တော်တက်နေပါ့လား ဘာလဲတီချယ်ကမုန့်ဝယ်ကျွေးရမှာလား မုန့်စားချင်လို့လာကပ်နေတဲ့ကလေးလိုဘဲမင်းက..."

"ဟာ... တီချယ်ကလည်းလွန်းကမုန့်မစားချင်ပါဘူး...တီချယ်ကိုစားချင်တာ အဲ ..မုန့်စားချင်လို့ပြောတာမဟုတ်ပါဘူးလို့...ဟီးဟီး... "

လွန်းတို့လည်း​ကျောင်းပေါက်ဝကနေလမ်းလျှောက်လာကြတာ တီချယ်နားတဲ့သံဇာကာတွေကာထားတဲ့အခန်းလေးနားရောက်လာတော့တီချယ့်ကိုနှုတ်ဆက်ပြီးအခန်းပေါ်ပြန်တက်လာရင်းလမ်းမှာ လွန်းကိုလိုက်ရှာနေတဲ့ ဂျပုလေးနှစ်ကောင်ကိုတွေ့ပါပြီ။

"လွန်းမခမောင်.... ငါတို့ကတော့လိုက်ရှာနေတာ သူကတော့အချစ်နဲ့သာယာနေတာပေါ့ဟုတ်လား"

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now