23

6.1K 381 18
                                    

"လွန်း....မင်းအဲ့လိုဘဲ ထိုင်နေတော့မှာလား...တို့မင်းကိုခေါ်လာတာထိုင်ဖို့မဟုတ်ဘူးနော်..ဘာလဲ ထပ်နမ်းစေချင်တာလား"

နန်းပြောလိုက်ချက်ချင်းထပြီးနန်းနားရောက်လာတဲ့နန်းရဲ့ကလေးငယ်...

"ထပ်နမ်းလို့မရတော့ဘူး...ဒီနှုခမ်းက တီချယ်.....အဲ ဟိုလွန်းသဘောကျရတဲ့အမျိုးသမီးရဲ့အပိုင်..."

"လွန်း သဘောကျရတဲ့အမျိုးသမီးဆိုတဲ့ ...လွန်းချစ်ရတဲ့အမျိုးသမီးမဟုတ်ဘူးပေါ့..."

"ဟုတ်တယ်လေ... လွန်းချစ်ရတဲ့အမျိုးသမီးဘဲလေ..."

"ဟာ... တို့ကမင်းချစ်ရတဲ့အမျိုးသမီးလေးဖြစ်ချင်တဲ့ဟာကို..."

"ဟာ.... မရတော့ဘူး...."

"ဟင့်အွန်း...မရဘူး...မင်းတို့ကိုချစ်မှာလား မင်းကိုဇွတ်သိမ်းရမှာလား...ပြော...."

"မရဘူး...သိမ်းလို့မရဘူး"

"လွန်း မ ခ ေမာင် ကို ဒေါ် နန်း ဥမ္မာ ဦး ကပိုင်တာ သိမ်းချင်သိမ်းသူဘဲသိမ်းလိမ့်မယ်..."

လွန်းပြောလိုက်တော့ အန်တီက ထရယ်တယ် ။

"ဟုတ်ပါပြီ မင်းရဲ့တီချယ်က ငါပါဆိုရင်ကော...''

"အန်တီကလား... တီချယ်မဖြစ်နိုင်ဘူး... တီချယ်က လွန်းကိုကျောခိုင်းသွားပြီ...နောက်လည်းထပ်တွေ့ရတော့မယ်မထင်ပါဘူး..."

"ဪ...မောင်ရယ်..."

"မောင်...ဟုတ်လား..."

"လွန်းကိုမောင်လို့မခေါ်ပါနဲ့ အဲ့နာမည်လေးက သူမဘဲပိုင်တာ..."

မောင်ရယ် သတိမေ့နေတာတောင်တို့အပေါ်အဲ့လောက်တောင်ချစ်လားကွယ် တို့တောင်မင်းလောက်ချစ်နိုင်ပါ့မလားမသိဘူး...အဲ့တီချယ်ဆိုတဲ့အမျိုးသမီးနေရာမှာတို့သာမဟုတ်ခဲ့ရင်တို့ထိုအမျိုးသမီးကို မနာလိုဖြစ်မိမယ်ထင်ပါရဲ့....

"မောင်..."

နန်းထပ်ခေါ်လိုက်တော့လွန်းကိုပေစောင်းစောင်းနဲ့ပြန်ကြည့်နေလေရဲ့.... နန်းအသဲတွေယားလိုက်တာဆိုတာ...

"တို့ကိုချစ်ကြည့်ပါ့လား.... ဟင်"

"ဟင့်အင်း...သူမကိုမမေ့နိုင်သေးဘူး..."

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now