16

5.4K 328 7
                                    

လွန်းတို့ ဦးပိန်တံတားကြီးကပြန်လာပြီးကတည်းတီချယ်ကလွန်းနားကိုကပ်လွန်းလို့တဲ့ ဟိုဟာတွေကတောင်ပြောနေကြပြီ... "အခြေနေတွေမဆင်ပြေခဲ့ပြီနဲ့ထင်တယ် လွန်းရေ..."ဆိုပြီးစနေကြတာ..သူတို့ပြောသလိုအခြေနေတွေအဆင်ပြေခဲ့ပြီလို့ပြောလို့ရပေမဲ့ နောင်ဘာတွေကြုံလာအုံးမယ်ဆိုတာကြိုမသိနိုင်ဘူးလေ...အဲ့အခါကျရင်တော့ ရင်ဆိုင်နိုင်အောင်ကြိုးစားရမယ်လို့အမြဲကိုယ့်ကိုအားပေးနေရတယ်။

"မောင်...."

"မောင်လို့....မောင်...."

"လွန်းမခမောင်....ဘာတွေတွေးနေလို့ တို့ခေါ်နေတာတောင်မကြားနိုင်ရတာလဲ.. အဖြေပြန်ပေးလိုက်တာနဲ့အချိုးအဆစ်တွေစပြောင်းနေပြီလား....တို့အဲ့အဖြေကိုပြန်ရုတ်သိမ်းလိုက်ရမလား....ဟမ်"

"ဟမ်....အဲ့လိုရလို့လား...."

"ဘာကိုလဲ...."

"အဖြေပြန်ရုတ်သိမ်းမယ်ဆိုတာကလေ..."

"ရတယ်လေ တို့ပြောထားတာဘဲ တို့ပြန်ရုတ်သိမ်းလို့ရတယ်...."

"အဲ့လို့မရပါဘူးနော်....မောင်ကအဲ့လိုဆိုခွင့်မပြုဘူး..."

"အဲ့မယ် ...ရှင်က ခွင့်မပြုဘူးပြောရအောင် ရှင်ကကျွန်မရဲ့ဘာမလို့လဲ.. ဟွန်း"

"မောင်က တီချယ်ရဲ့ မိန်းကလေးလေ....တီချယ်ကတော့ မောင်မြတ်နိုးရတဲ့အမျိုးသမီးပေါ့...."

"တော်ပါ...ရှင်စကားတတ်တိုင်း..."

" ထတော့ ကျွန်မတို့သွားစရာတွေရှိသေးတယ်..မလိုက်ရင်နေခဲ့.. "

"နေအုံးလေ မောင့်ကိုစောင့်အုံးလေ ..."

"မစောင့်ဘူး...ရှင့်ကို..."

"ဟာ.. မောင့်အမျိုးသမီးကကွာ..."

"ဘာလဲ... ရှင်စိတ်မရှည်တော့ဘူးမလား...အဲ့ကြောင့်ပြောတာ အဖြေပြန်ရုတ်သိမ်းတော့မယ်လို့..."

"မဟုတ်ရပါပါဘူး...တီချယ်ရယ်...မောင်အခုထပြီနော်....စိတ်မကောက်တော့နဲ့နော်...မောင့်ကောက်စိန်လေးနော်...."

"ဟွန်း....ရှင့်ကိုလေ ကြည့်လို့ကိုမရဘူး အမြင်ကတ်လိုက်တာ...."

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now