12

5.2K 344 7
                                    

ဒီနေ့လွန်း တီချယ့်ဆီမသွားဖြစ်ဘူး တီချယ်ကလည်းသူ့အချိန်ပြီးတော့အတန်းထွက်ပြီးကတည်းက ပြန်ကိုတက်မလာတော့ဘူး အပေါ်ထပ်ကို...

လွန်းတို့လည်း နားချိန်လေးပြီးတော့ အင်္ဂလိပ် စာအချိန်လည်းရောက်ရော ဆရာမ မလာသေးတာနဲ့ ကော်ရစ်တာကိုငေးကြည့်နေတာ တီချယ်များတက်လာမလားလို့ မျှော်သာမျှော်ရတာ မျှော်သူကပေါ်မလာဘူး...။

"ဟို ပြတင်းပေါက်နားမှာထိုင်နေတဲ့ကလေးမ ဘယ်သူ့ကိုကြည့်​ေနတာလဲ ငါရောက်နေပြီမသိဘူးလား...ဟမ်"

"ေတာင်းပန်ပါတယ် ဆရာမ. လွန်းမသိလိုက်လို့ပါ..."

"မင်းနာမည်ဘယ်လိုခေါ်လဲ.."

"လွန်းမခမောင် "

"မင်းထိုင်လို့ရပြီ "

ဟူး...တော်သေးတယ် အဲ့ဆရာမက အသေအပေါက်ဆိုးတာ ဒီလောက်နဲ့ပြီးသွားလို့...။

လွန်းလည်းပြန်ထိုင်ပြီး စာတွေသေချာလိုက်ကြည့်နေရတာ ထပ်အငေါက်မခံရအောင်...။

"ဟဲ့ ေနာက်တစ်ချိန် ဘာအချိန်လဲ "

သင်းနွယ်ဦးက လှမ်းမေးတယ် သင်းနွယ်ဦးဆိုတာက နောက်မှခင်တဲ့သူငယ်ချင်းတွေထဲကတစ်ယောက်ပေါ့ သူ့ကိုယ်သူ ကြက်မလို့ပြောသေးတယ် ။

ဘာတဲ့သူပြောတာက TUကားထဲက လန်ကျန့်အရက်မူးပြီးဝေ့ရင်းကို ခိုးပေးတဲ့ကြက်ကသူတဲ့ အဲ့တာနဲ့ဘဲ သူ့ကိုချစ်စနိုးနဲ့ကြက်မလို့ဘဲခေါ်တော့တာ😂

"ကြက်ရေ ငါလည်းမသိဘူး ကြည့်လိုက်လေ အချိနိဇယားကို"

"ဟဲ့ ဒေါ်ဥမ္မာအချိန် သင်္ချာချိန်ကြီး"

"ဪ. ချစ်ခင်ကြင်နာမြတ်နိုးတွယ်တာရတဲ့ အမျိုးသမီးအချိန်လား "

"ဒီဖေ.... ငါမ​ပြောလိုက်ချင်ဘူး မသိရင် သူ့မိန်းမကျနေတာဘဲ ပိုကိုပိုတယ် "

"အို...ငါချစ်ရင် ငါကောင်မလေးဘဲ သူချစ်ချစ်မချစ်ချစ် သဘောပေါက်တယ်နော်ကြက်မ....😂"

"မနိုင်ဘူး နင့်ကိုလဲ တော်တော်ရွတယ် "

"ငါရွတာ နင်တို့ခုမှသိလား "

"ငါ့သမီးတို့ဘာရွတာလဲ ".

"အဲ့မယ်လေ လွန်းမခမောင်ရွနေတာ "

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now