18

5.2K 322 9
                                    

နန်း သိပ်ကိုအံသြသွားခဲ့ပေမဲ့ မျက်နှာကိုအတတ်နိုင်ဆုံးတည်လိုက်ပြီး...

"ဘာကိစ္စရှိလို့လာရတာလဲ...ကိုစိုင်းနောင်ခ"

"နန်း ကိုယ် မင်းကိုတောင်းပန်ချင်လို့ပါ ပြီးတော့လည်း ကိုယ်မင်းကို လက်ထပ်ချင်တယ်...."

"မဖြစ်နိုင်တော့တာတွေလာပြောနေမဲ့အစား လာရာလမ်းအတိုင်းပြန်လှည့်ပြန်လိုက်ပါ...
ပြီးတော့ နန်းလို့လည်းလာခေါ်စရာမလိုဘူး ကိုစိုင်းနောင်ခ နဲ့ ကျွန်မနဲ့က ဘာပက်သတ်မှုမှမရှိတော့ဘူး..."

"နန်း ကိုယ့်ကိုအဲ့လိုတော့မပြောပါနဲ့ အရင်က ပက်သတ်ခဲ့ဖူးတဲ့အတိတ်တွေကအလကားဖြစ်သွားမယ်လို့မင်းထင်လား..."

"အတိတ်ကိုအတိတ်ကို မှာဘဲထားခဲ့လိုက် အခုကျမှ ချီးခြောက်ရေနူးလာပြီးပြောမနေနဲ့... ကဲ ကိုစိုင်းနောင်ခ ရှင်ပြန်မလား ကျွန်မ သွားရမလား... "

"ကိုယ်ကတော့လုံးဝမသွားနိုင်ဘူး... မင်းအခုပြန်လိုက်ခဲ့ရမယ်... အခုကိစ္စကိုအန်တီတို့နဲ့ လည်းပြောပြီးပြီ မင်းအခု ကိုယ်နဲ့ ပြန်လိုက်ခဲ့ရမယ်..."

စိုင်းနောင်ခဆိုတဲ့လူက ပြောလည်းပြော တီချယ့်လက်ကိုလည်းအတင်းလာဆွဲတော့...

"ဒီမယ် ဦးလေး... ဦးလေးက တီချယ်နဲ့ဘယ်လိုပက်သတ်နေတယ်တော့မသိဘူး အခုလိုတွေပြုမူနေတယ်ဆိုတာ လူကြီးလူကောင်းတွေရဲ့အပြုအမူနဲ့မတူညီဘဲ လူရမ်းကားတွေရဲ့အပြုအမူနဲ့ တူညီလွန်းနေတယ် အဲ့ကြောင့် ဦးလေးသိက္ခာကိုထည့်မတွက်ချင် နေပါ တီချယ့်သိက္ခာကို ထည့်တွက်ပေးသင့်တယ်လို့ထင်တယ်..။"

လွန်းလည်းပြောပြီး ထိုလူအတင်းဆွဲထားတဲ့ တီချယ့်လက်ကို ဆွဲဖြုတ်လိုက်တော့တယ်။
တီချယ့်ရဲ့ဖွေးဥနေတဲ့လက်ကောက်ဝတ်လေးမှာ လက်ရာနီနီကြီးက အထင်းသား... တီချယ်ဘယ်လောက်နာနေလိမ့်မလဲ... ထိုလူ ကိုယ်ချင်းစာနာစိတ်ဆိုတာကို နားလည်ရဲ့လားလို့တောင်ထင်မိတဲ့အထိဘဲ...

"မင်းက နန်းနဲ့ ဘယ်လိုတွေလဲဆိုတာငါမသိဘူး...အေး ဘာတွေဘဲဖစ်ဖြစ်ငါဂရုမစိုက်ဘူး....ငါ့ကိစ္စကိုဝင်မရှုပ်နဲ့...

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now