4

5.5K 372 6
                                    

နောက်ရက်တွေ....တီချယ်လွန်းကိုရှောင်နေပါတယ် တီချယ်လွန်းကို စိမ်းကားတဲ့အကြည့်တွေနဲ့ကြည့်နေပါပြီ...လွန်းပြောချင်မိပါတယ် တီချယ်ရယ်လွန်းကိုအဲ့လိုကြီးတွေမပြုမူပါနဲ့လားလွန်းမခံစားနိုင်လို့ပါ...။

လွန်းမှိုင်နေပါပြီ  အကြောင်းရင်းကတီချယ်ကလွန်းကိုစိမ်းကားနေလို့ပါ....။

"လွန်းမခမောင်....နင့်ကိုကြည့်ရတာဟာ ထမင်း၇ရက်မစားရတဲ့ရုပ်နဲ့ဟာငါအားကိုမရပါဘူး...."

ဝက်ပုကသူ့သယ်ရင်းအဖြစ်ကိုကြည့်ပြီးပြောနေသည်... ကျန်တဲ့၆ယောက်ကလည်းလွန်းကိုကြည့်လာကြသည်။

ကျန်တဲ့၆ယောက်ဆိုတာက လွန်းတို့ကျောင်းတက်ပြီးမကြာဘူး ခင်လာခဲ့တာ သူငယ်ချင်တွေလေ သူတို့က လွန်းကိုတော်တော်လေးခင်ကြပါတယ် ။

"လွန်းမခမောင်....လွန်းမခမောင်...သူ့ကိုမချစ်ပါနဲ့နင်ခံစားရလိမ့်မယ်... သူကနင့်ကိုပြန်ချစ်မှာမဟုတ်ဘူး...သူကအချစ်ကိုမယုံတော့ဘူး...."

သူငယ်ချင်းတွေဝိုင်းပြောနေလည်းလွန်းခေါင်းထဲ မရောက်ပါ လွန်းသိတာ လွန်းတီချယ့်ကိုချစ်သည် ဆိုတာကိုဘဲ... တီချယိပြန်ချစ်သည်မချစ်သည်က တီချယ့်အပိုင်းပါ ။

နန်းကရော.....

နန်း ....ထိုကလေးကိုခင်မိပါသည် ဒါပေမဲ့ နန်းအပေါ်ထိုကလေးရဲ့အကြည့်တွေကို နန်းမကြိုက်ပါ....ဆရာနဲ့တပည့်ဆိုတဲ့စည်းတွေရှိနေပါသေးသည်....ကလေးတွေကိုနန်းမယုံပါ သူတို့လေးတွေအရွယ်ကစိတ်ကစားတဲ့အရွယ်တွေဆိုတာ နန်းသိသည်  ပြီးတော့ထိုကလေးကိုလည်းနန်းမယုံပါ အခုကစပြီးအဲ့ကလေးကိုနန်းရှောင်နေပါမည်... ထပ်ပြောရမယ်ဆိုနန်းထိုကလေးနဲ့အကြည့်ချင်းဆုံမိရင် ရင်တွေခုန်လာတာလား..ရင်တွေတုန်လာတာလားမခွဲတတ်တဲ့ခံစားချက်တွေဖြစ်လာပါတယ်
(အပျိုကြီးအဲ့တာအချစ်လို့ခေါ်တယ်လေဗျာ...)

ဟောတွေ့ပါပြီ...နန်းရှောင်နေတဲ့ကလေးကို နန်းပြောရအုံးမယ် အဲ့ကလေးကလေအရပ်ကြီးကအရှည်ကြီးနန်းတောင်သူနဲ့ရှင်ရင် နန်းနဖူးကသူ့နှုခမ်းနဲ့ကွက်တိကျနေတာတော့နန်းနည်းနည်းသဘောမကျ​​ဖြစ်မိတယ်...။

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now