20

5.9K 381 23
                                    

"လွန်း..... နာနေသေးလား..''

"ဟင့်အင်း..."

"အင်းပါ... တို့မင်းကို ပေးစရာလေးရှိလို့..."

"ရော့... ဒါက ဖိတ်စာ တို့ရဲ့လက်ထပ်ဖိတ်စာ.....မင်းကိုတို့အချစ်ဆုံးတပည့်လေးအနေနဲ့ ဖိတ်တာပါ လာဖြစ်အောင်လာခဲ့နော်...လာမဲ့စနေ့နေ့"

"ဟုတ်ကဲ့ လာခဲ့ပါ့မယ်..."

နန်းလည်းမျက်နှာကို အတက်နိုင်ဆုံးတည်ပြီးပြောလိုက်တယ်။
နန်းကလေးငယ် မျက်နှာအနည်းငယ်မှ ပျက်မသွား သူဒီအတွက်ကြိုပြီးတွေးထားပုံရ၏။

တီချယ်ရယ် လုပ်ရပ်တယ်နော် မနေ့တနေ့ကထိမောင့်ကိုကာကွယ်ပေးနေခဲ့ပြီး အခုကျတော့ လက်ထပ်ဖိတ်စာတဲ့လား အခုတော့ လွန်းက တတိယလူအဖြစ်နဲ့နောက်ဆုတ်ပေးခဲ့ရပြီပေါ့ ...
လွန်းလည်းဖိတ်စာလေးကို ဖွင့်ပြီးဖတ်ကြည့်လိုက်တော့ လှပစွာ ရေးထားတဲ့နာမည်လေးတွေကြား တစ်ချိန်က မြတ်နိုးစွာ ချစ်ခဲ့ရတဲ့ အမျိုးသမီးရဲ့ နာမည်လေးကိုမြင်ရတော့ အသည်းကြေမတက်ခံစားလိုက်ရတယ်။
မျက်ရည်တွေကို အတက်နိုင်ဆုံးထိန်းလိုက်ပြီး အပြုံးတို့နှုခမ်းထက်ဆင်မြန်းထားလိုက်တယ်ဘာမှမဖြစ်တဲ့ပုံစံနဲ့....

"လွန်းမခရယ် စိတ်မကောင်းမဖြစ်နဲ့နော် မေ့ပစ်လိုက်နော်...နင့်အတွက်မလွယ်ကူဘူးဆိုပေမဲ့ ငါတို့နင့်ကိုမနာကျင်စေချင်ဘူး..."

"အေးပါဟာ ငါကြိုးစားပါ့မယ်..."

လွန်းကိုလာနှစ်သိမ့်ပေးကြတဲ့လွန်းအချစ်ဆုံးဂျပုလေးနှစ်ယောက်ကိုလည်းလွန်းအားနာမိနေပါပြီ ။သူတို့နှစ်ယောက်ကလွန်းကိုအမြဲအားပေးနှစ်သိမ့်ပေးတယ်လေ။ အခုလိုအချိန်တွေမှာ သူတို့ဘေးမှာရှိနေလို့သာ လွန်းဖြေသာသည်ဟုပြောရမယ်လေ။

"နင် လာမဲ့စနေနေ့ တီချယ်လက်ထပ်ပွဲကိုသွားမှာလား..."

"အင်း သွားရမှာပေါ့ သူကိုယ်တိုင် လာဖိတ်သွားတာကို..."

"အေးပါဟာ...ငါရှိနေမယ်နော်အဲ့ပွဲမှာ..."

"အေးပါဟာ... "

ဝက်ပုလေးက(နွေဦးလွင်) တီချယ့်တပည့်ဖြစ်တာကြောင့်သူကအဲ့ပွဲမှာကူညီတဲ့အနေနဲ့ရှိနေရတာဖြစ်တယ်။

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now