17

5.2K 325 11
                                    

ပြင်ဦးလွင်ခရီးစဥ်.......

လွန်းတို့ပြင်ဦးလွင်ဘက် တက်ခဲ့ကြတယ် ။
ကားထဲမှာတော့ သီချင်းသံ တညံညံနဲ့ဆူဆူညံညံရှိပေမဲ့လည်း တီချယ်ကတော့ အေးအေးဆေးဆေးမှေးနေနိုင်တယ်လေ ။
ဘာလို့လဲဆိုတော့လွန်းရင်ခွင်ထဲမှာ ပုဝါပါးလေးလွှမ်းခြုံစေပြီး မှေးနေစေခဲ့တယ်လေ။

"မောင့် ရင်ခုန်သံတွေက စည်းချက်ကျကျနဲ့ တီးခတ်နေတဲ့သံစဥ်လေးတွေလိုဘဲနော်...။

"အဲ့ သံစဥ်လေးတွေကမောင့်အမျိုးသမီးကြောင့်ဖြစ်ပေါ်လာခဲ့တဲ့ သံစဥွ်လေးတွေလေ....နှလုံးသားရဲ့သာယာငြိမ့်ညောင်းစွာထွက်ပေါ်လာတဲ့ဒီသံစဥ်လေးတွေဟာလေ မောင့်အမျိုးသမီးလေးတစ်ယောက်ကိုသာ တီးခတ်ပြတာမို့ မောင့်အမျိုးအမီးသမီးလေး မောင့်ရင်ခွင်ထဲရှိတဲ့အချိန် မောင်နဲ့အတူရှိတဲ့အချိန်တွေဆို အမြဲကြားရလိမ့်မယ်။ ''

"မောင်ရယ်...စကားတတ်လိုက်တာ... တို့ အသဲတွေယားလိုက်တာဆိုတာ..."

"အသဲယားရင် ဒီနှုခမ်းကိုနမ်းလို့ရပါရဲ့နော်...ဒီနှုခမ်းက တီချယ့်အပိုင်...."

"ဟုတ်ရဲ့လား ဒီနှုခမ်းပါးက တို့က ပထမဆုံးဟုတ်ရဲ့လား..."

"ဟုတ်ပါတယ်ဆို လွန်းမခမောင်ရဲ့ first kiss ကို ဒေါ်နန်းဥမ္မာဦး ဆိုတဲ့အမျိုးသမီးဘဲပိုင်တာပါဆို...."

"ဟုတ်ပါပြီ..အဲ့ဆိုတို့က အဲ့နှုခမ်းကြီးကိုတော့မနမ်းတော့ပါဘူး..."

"အဲ့ဆို ဒီနေရာကိုနမ်းလို့ရတယ်နော်..."

လွန်းပါးလေးထိုးပေးတော့ တီချယ့်က "တို့မနမ်းတတ်ဘူး "လို့

အဲ့ဆိုလိုက်သင်ပေတော့ သင်္ချာဆရာမကြီးရေ....
"ဒီလိုလေး...ဒီလိုလေး နမ်းရတယ်... "

လွန်းလည်းပြောရင်းတီချယ့် ပါးလေးတွေနဲ့နဖူးလေးကိုအနမ်းလေးတွေခြွေလိုက်တော့ ရင်ခွင်ထဲက ပိစိလေးကအရှက်သည်းနေလေရဲ့... ပါးလေးတွေကခရမ်းချဥ်သီးအမှည့်လေးတွေလိုကို ရဲနေလေရဲ့.....။

"မောင်ကကွာ...တော်တော်ဆိုး..."

တီချယ့်ရယ် သိပ်ချစ်တယ်သိလား..."

"တီချယ့်လည်းမောင့်ကိုသိပ်ချစ်ပါတယ်ကွယ်..."

လွန်းတို့ ပြင်ဦးလွင်တောင်တက်လမ်းမှာ ချိုမြိန်တဲ့အနမ်းတို့နဲ့ချစ်ကြည်နူးရင်း ပြင်ဦးကိုရောက်ကိုခဲ့ကြပြီး ပြင်ဦးလွင်ရောက်တော့မဟာအံ့ထူးကံသာဘုရားကြီးကိုအရင်ဝင်ပြီး ဖူးမျှော်ခဲ့ကြတယ်။

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now