9

5K 345 4
                                    

နန်းပြောတာတွေလွန်သွားတယ်ဆိုတာ နန်းသိပါတယ် ဒါပေမဲ့ နန်းပြောခဲ့တာကလည်းသူကောင်းဖို့ပါ။ နန်းသိတာပေါ့ နန်းကိုလွန်းဘယ်လောက်ချစ်တယ်ဆိုတာ လွန်းလည်းရိပ်မိလောက်မှာပါ နန်း လည်းသူ့အပေါ်ကိုအခြားတပည့်တွေထက်ပိုတယ်ဆိုတာ နန်းသူ့အပေါ်ဆိုးသလိုဘယ်သူ့အပေါ်မှမဆိုးဖူးဘူး...ပြီးတော့ သူ့ပေါ်ချွဲသလိုလဲဘယ်သူ့ကိုမှမချွဲဖူးဘူး တကယ်သိလားနန်းကလည်းလေလွန်းကိုဆိုအရမ်းဘဲ ချွဲချင်အနိုင်လိုချင်နေတာ အကြီးဖြစ်ပြီးတော့ လွန်းနဲ့နန်းနဲ့ဆို အသက် ၂၀လောက်ကွာမယ်ထင်တယ် အန်တီ အရွယ်များပြောရမလားပေါ့နော် လွန်းကတီချယ်ဆိုတော့လည်း တီချယ်ဘဲပေါ့ကွယ် နန်း လွန်းအပေါ် အဲ့လိုလေးနေတာကို မလိုတဲ့သူကအိမ်က မေမေကိုသွားပြီးပြောတာထင်ပါရဲ့ နန်းကိုလေ အိမ်ရောက်တော့ မေမေက ပြောစရာရှိပါသတဲ့ဆိုပြီးအဖြူအစိမ်းတောင်မလဲနိုင်ဘူး တကယ်တမ်းပြောလာတဲ့အကြောင်းအရာကလည်း နန်းကို လွန်းနဲ့တွဲနေပါတယ်ဆိုပြီးပြောတာပါ

"သမီးကြီး..ထိုင်ပါအုံး...မေမေပြောစရာရှိတယ်ကွယ့် အမှန်အတိုင်းဝန်ခံရမယ်နော် "

"ဟုတ်ကဲ့... မေမေ.."

"သမီး အခန်းထဲက ကောင်းမလေးတစ်ယောက်နဲ့တွဲနေတယ်ဆို... "

"ဟမ်...ဘယ်သူတုန်း...သမီးမတွဲဘူးနော်.... သမီးကလေးတွေကိုမယုံတာ မေမေလည်းသိရက်နဲ့နော်...အဲ့တာဘယ်သူပြောတာလဲ..."

"သမီးမဟုတ်ဘူးဆိုရင် ရပါပြီ ဘယ်သူပြောတယ်ဆိုတာကအရေးမကြီးပါဘူး အေးပါ မတွဲဘူးဆိုလည်းပြီးတာပါဘဲ မေမေကသမီးကြီးကိုစိတ်ပူလို့ပါ ပြီးတော့ မေမေတစ်ခါတည်းပြောထားမယ် တကယ်လို့ သမီးအဲ့ကလေးနဲ့ ဖြစ်ခဲ့မယ်ဆိုရင်လည်းမြဲမှာမဟုတ်ဘူးဆိုတာသိထား..."

"ဟုတ်ကဲ့မေမေ..."

နန်း မေမေနဲ့စကားပြောပြီးတာနဲ့အခန်းထဲဝင်ပြီး ငိုင်နေတာ အတွေးတွေကလည်းတဝေ့လည်လည်နဲ့ ခဏတာလောက်သေသွားချင်မိတယ် နန်းကိုက ကလေးတစ်ယောက်ကိုချစ်ခဲ့မိတဲ့အတွက် နောင်တမရဘူးဖြစ်နေမိတယ် နန်းက နည်းနည်းတော့ရီရတယ်မလား နန်းအတွက် အချစ်ကဘယ်လောက်ပူလောင်ခဲ့မှန်းနန်းသိရဲ့သားနဲ့ ထက်ချစ်မိခဲ့တာဘဲ နန်းအတွက် ကလေးငယ်ကအချစ်ဦးမဟုတ်ပေမဲ့ အချစ်ဆုံးဖြစ်နေပြီထင်ပါရဲ့ အချစ်ဦးဆိုတာနန်းအတွက်တော့ သိပ်ကိုမျှော်လင့်ချက်တွေပေးတဲ့အရာလို့ဘဲထင်တယ် ဘာလို့လဲဆို အဲ့ အချစ်ဦးဆိုတာက နန်းကို အချစ်ကိုသိစေခဲ့ပြီးမျှောင့်လင့်ချက်တွေနဲ့ထားခဲ့တာသူကို အခုလည်းကြည့် အချစ်ဆုံးဆိုတာကလာပြန်ပြီ တကယ်တော့လေ နန်းအရူးလိုဘဲ ချစ်မိပြီဆိုလည်း သည်းခြေပျက်မတတ် ချစ်တတ်ခဲ့လို့ သည်းခြေပျက်မတတ်ခံစားခဲ့ရတာ...အတိတ်ကိုပြန်တူးဆွရင် အချစ်ဆိုတာကြီးကတကယ်ကိုစ​ိတ်ကုန်စရာကြီးပါလေ...။

တီချယ်သည်သာ မြတ်နိုးရာWhere stories live. Discover now