Chapter 01

816 35 0
                                    

Unicode

၁၉၇၃ခုနှစ် တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့

မနက် ၉နာရီခန့်

သတင်းထောက်များသည် ကင်မရာများကိုင်လျက် တစ်ယောက်ကိုတစ်ယောက်တွန်းတိုက်ကာ သတင်းယူရန် စောင့်ဆိုင်းနေလျက်ရှိသည်။ ကင်မရာများသည် လေးလွန်းသည်ကတစ်ကြောင်း အရွယ်အစားကတစ်ကြောင်း အချင်းချင်းတိုက်မိကာ ရန်ဖြစ်နေကြသည့်သူများလည်းရှိကြသေးသည်။ သို့သော်လည်း အများစုသည် သူ့ထက်ငါ ဦးအောင်သတင်းရေးယူနိုင်ရေးအတွက်လည်း ဝီရိယရှိရှိ လေဆိပ်အဝင်ဝကိုသာ ကြည့်နေလျက်ရှိကြသည်။

ထိုစဥ်မှာပင် လေဆိပ်တံခါးသည် ပွင့်လာပြီး အားလုံးစောင့်မျှော်နေကြသည့် သူသည် ထွက်ပေါ်လာတော့သည်။ အနက်ရောင် Turtle Neckအင်္ကျီအား စတိုင်ဘောင်းဘီအနက်ရောင်ဖြင့် တွဲဖက်ဝတ်ဆင်ထားပြီး နက်ပြာရောင်ကုတ်အင်္ကျီရှည်အား အပေါ်ထပ်အနေနှင့်ဝတ်ဆင်ထားသည်။ Bootsအနက်အားဝတ်ကာ လှမ်းသည့်ခြေလှမ်းတိုင်းသည် ယုံကြည်မှုအပြည့်ဖြင့်။ နေကာမျက်မှန်အားဝတ်ဆင်ထားသော်လည်း ထိုနေကာမျက်မှန်အောက်မှ အပြုံးနှင့် မျက်ဝန်းလေးများကို လူတိုင်းသည် ထွင်းဖောက်မြင်နိုင်လောက်သည်။

"နိုအာရှီ ဒီတစ်ခါကိုးရီးယားကို ပြန်လာတာက အပြီးပြန်လာတာလား"

"ပါရီကိုကော ပြန်သွားဦးမှာလား နိုအာရှီ"

"နိုအာရှီ ဒီတစ်ခေါက်ပြခန်းကိုကော ဘယ်လောက်ထိ အောင်မြင်နိုင်မယ်လို့ ခန်းမှန်းထားပါသလဲ"

"မေးခွန်းလေးတွေကို ဖြေပေးပါဦး နိုအာရှီ"

သတင်းထောက်များမေးသည်ကို ပြန်လည်မဖြေကြားပဲ အပြုံးလေးသာ တုံ့ပြန်ပြီး သက်တော်စောင့်များ၏ အကာအကွယ်ကိုယူကာ ထွက်သွားသူသည် ပန်းချီနှင့်အနုပညာနယ်ပယ်တွင် လျှမ်းလျှမ်းတောက်အောင်မြင်သော လူငယ်တစ်ယောက်ဖြစ်သည့် နိုအာ (ခေါ်) ပတ်ဂျီမင်းပင်ဖြစ်သည်။

အမိမြေလို့ နာမည်တပ်၍မရသည့် အမိမြေကိုရောက်တော့ ကျွန်တော့စိတ်တွေ အေးချမ်းသွားကာ နွေးထွေးသွားသည့် ခံစားချက်လေးပင်။ ငယ်စဥ်ကတည်းက ပါရီတွင်မွေး ပါရီတွင်သာ ကြီးပြင်းသည့် ကျွန်တော်သည် ကိုးရီးယားနှင့် အမှန်တယ်ပင် စိမ်းသက်ပါသည်။ သို့သော် ကိုးရီးယားသွေးပါသည့်အလျောက် အခေါက်အခါခါရောက်အပြီးတွင်တော့ ကျွန်တော့အတွက် အရင်းနီးဆုံးနယ်မြေဖြစ်လာခဲ့တော့သည်။

The Truth UntoldWhere stories live. Discover now