Chapter 22

103 10 6
                                    

Unicode

ပြင်သစ် ပလိပ်ရုံး​ရှေ့တွင် ရပ်ကာ သက်ပြင်း​တွေချရင်း ဝင်ရနိုး မဝင်ရနိုး ကျွန်​တော် ​တွေ​ဝေ​နေမိသည်။

ဟုတ်သည်။ ကျွန်​တော် ပလိပ်ရုံးကို ​ရောက်လာတာ ကျွန်​တော့ အ​ဖေအမှုကို ပြန်​ဖော်ထုတ်ဖို့။ အာဒမ်ဆီမှ ​ရောက်လာတတ်သည့် ဂရုပြုဖို့ မှာကြားသည့် စာများအစား မူမမှန်စာများသည် ​နေ့စဥ်ရက်စက်​ရောက်လာသည်မလို့ စိတ်အား ဒုန်းဒုန်းချကာ အမှုပြန်လိုက်ဖို့ ဆုံးဖြတ်ခဲ့ခြင်းပင်။

သို့​သော် ပလိပ်ရုံး​ရှေ့​ရောက်မှ စိတ်အစုံသည် ​တွေ​ဝေသွားကာ ​ဝေခွဲမရဖြစ်သွားရသည်။ ပြန်​တွေးကြည့်ရင် ပြီးသွားပြီးသား​တွေမလား။ အမှုမှန်​ပေါ်လာလည်း ဘာမှမထူး​တော့ဘူး​လေ။

မဟုတ်ဘူး အာဒမ်ရဲ့စာ​တွေအရဆို ပါးက မတရား​ အသတ်ခံခဲ့ရတာ။ အဲ့တာ​ကြောင့် ပြန်လိုက်ရမယ်။

​​ထို့သို့​သော အားပြိုင်​နေတဲ့ အ​တွေး​တွေကြား ဂျီမင်းသည် ဒီ​နေ့တွင်​တော့ လက်​လျှော့ပြီး အိမ်သို့သာ ပြန်လာခဲ့​တော့သည်။

ကျွန်​တော် ပလိပ်ရုံးမှ ပြန်လာပြီး အာရုံတို့သည် အစိုးမရ ပြန့်လွင့်​နေပြီး ​ခေါင်းငိုက်စိုက်သာ ​လျှောက်လာမိသည်။ ကျွန်​တော်က ပါးအတွက်​တောင် ​သေချာပြတ်သားတဲ့ ဆုံးဖြတ်ချက်မချနိုင်တဲ့သူ ဖြစ်​နေပြီလား။

မဟုတ်​သေးဘူး။ ပါးက ဒုတိယကမ္ဘာစစ်ပွဲတုန်းက နိုင်ငံအတွက် အသက်​ပေးသွားခဲ့တာ။ ​သေချာ​ပေါက် ပါးက စစ်သား​တွေကို ဦး​ဆောင်တာ​လေ။ ဒါ​ပေမဲ့...

ဒုတ်!!!!

"အာ့"

​ခေါင်းငိုက်စိုက်နှင့် လမ်း​လျှောက်လာရင်း ​ရှေ့က တစ်ခုခုကို ဝင်တိုက်မိသည်မလို့ နာသွားရကာ အသံ​တောင်ထွက်သွားမိသည်။

​နာသွားသည့် နဖူးအား အသာပွတ်ရင်း ​မော့ကြည့်လိုက်​တော့ အစ်ကိုနမ်ဂျွန်းပင်။

အစ်ကိုက ပြုံးပြလာပြီး ​ခေါင်းကို အသာဖွကာ ​မေးခွန်းထုတ်လာသည်။

"ဘယ်​တွေအာရုံလွင့်​နေလို့ ကိုယ့်ကို​တောင် မမြင်ရတာလဲ"

"ဒီလိုပါပဲ"

The Truth UntoldDove le storie prendono vita. Scoprilo ora