Chapter 05

115 20 5
                                    

Unicode

ကျောင်းအုပ်ဆရာ၏ ရုံးခန်းအရှေ့၌ ရပ်နေသော နိုအာ တစ်နည်းအားဖြင့် ဂျီမင်း။ ညခင်း တစ်ခင်းလုံး သေသေချာချာ စဥ်းစားပြီးနောက် ဂျီမင်းသည် ဆုံးဖြတ်ချက်တစ်ခုကို အခိုင်အမာ ချလိုက်သည်။ သူ ပန်းချီဆွဲခြင်းအတတ်ကို သေချာပြန်သင်မည်ဆိုသည့် ဆုံးဖြတ်ချက်ပင်။ အခွင့်အရေးသည် နောက်တစ်ကြိမ်ပြန်မလာနိုင်သည်ကော နောက်တစ်ချက် သူပင် သေချာမသိသည့် မေမေ့၏ ဆန္ဒကို ဖြည့်ဆည်းပေးချင်သည့်အတွက်ကြောင့်ကောပင်...

ကျွန်တော် ရုံးခန်းတံခါးရှေ့တွင် ခဏရပ်ကာ လေပူများကို မှုတ်ထုတ်လိုက်ပြီးမှ တံခါးခေါက်လိုက်သည်။ ထို့နောက်တွင် ဆရာကြီး၏ အသံကို ကြားလိုက်ရသည်မလို့ ကျွန်တော်လည်း ဝင်သွားလိုက်သည်။ တိုက်ဆိုင်စွာပင် မနေ့ကလာသည့် ဂျောင်ဟိုဆော့ဆိုသူပါ ရှိနေခဲ့လေသည်။

“နိုအာ ဘာကိစ္စရှိလို့လဲ”

“ဟို ကျွန်တော်”

“မနေ့က ကိစ္စကို လက်ခံတယ်မလား နိုအာ”

စကားဝင်ထောက်လို့သည့် ဂျောင်ဟိုဆော့ဆိုသည့်သူ

“ဟုတ် ကျွန်တော် လက်ခံပါတယ်”

“ဆုံးဖြတ်ချက်မှန်တယ် နိုအာ”

“ကျွန်တော့ကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးပါ စိတ်မပျက်စေရပါဘူး”

“ကိုယ်တို့ဘက်က လိုအပ်တာတွေကို ဂေဟာကိုပဲ ပို့လိုက်ပါမယ်”

“ကျွန်တော့မှာ ပစ္စည်းအစုံရှိပါတယ် မလိုတော့ပါဘူး”

“မင်းငြင်းလိုက်ရင် စိတ်မကောင်းဖြစ်မိမှာ လက်ခံလိုက်ပါ”

“အာ ဟုတ်ကဲ့ပါ”

“ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်”

ကျောင်းအုပ်ကြီးအား နှုတ်ဆက်ကာ ထွက်သွားသော ဂျောင်ဟိုဆော့။ ကျွန်တော်လည်း ဆက်နေစရာ အကြောင်းမရှိတော့သည်မလို့ ကျောင်းအုပ်အား နှုတ်ဆက်ကာ နောက်မှ ထွက်လိုက်လာခဲ့လိုက်သည်။ ထို့နောက် လျှောက်လမ်းပြတင်းပေါက်မှ တစ်ဆင့် အပြင်ပတ်ဝန်းကျင်အား ကြည့်မိတော့ ကားနောက်မှန်အား ချကာ ဂျောင်ဟိုဆော့နှင့် စကားပြောနေသူ တစ်ယောက်။ မနေ့ညက စာပို့လိုက်တဲ့ သူများလား။ ကျွန်တော်လည်း သိချင်စိတ်ဖြင့် စူးစမ်းမိနေတုန်း ကားမှန်အား ပြန်တင်သွားသည်မလို့ မျှော်လင့်ချက်များ ပြတ်သုဥ်းသွားရသည်။

The Truth UntoldDonde viven las historias. Descúbrelo ahora