Unicode
Carcassonneမြို့လေးသည် တောင်ပေါ်မြို့ကလေးဖြစ်တာကြောင့် ပတ်ဝန်းကျင်ပတ်ပတ်လည်သည် သစ်ပင်များဖြင့် ဖုံးလွှမ်းထားလျက်ရှိသည်။ စိမ်းစိုသော မြက်ခင်းပြင်တို့သည်လည်း အဆုံးမရှိ။ မြို့ငယ်လေးဖြစ်သည့်အလျောက် လူသူများပြား ရှုပ်ထွေးခြင်းမရှိပဲ တိတ်ဆိတ်ပြီး အေးချမ်းလှသည်။ ရာသီဥတုသည်လည်း အအေးဓာတ်အမြဲရှိကာ အုံ့မှိုင်းမှိုင်းလေးသာ ဖြစ်နေတတ်သည်။ နေချင်စဖွယ်ကောင်းသည့် မြို့ကလေးပင်ဖြစ်သည်။
မိုးသည် သဲကြီးမဲကြီးရွာနေမဟုတ်ပဲ ပတ်ဝန်းကျင်အား စွတ်ဖြန်းရုံသာ ရွာသွန်းလျက်ရှိသည်။ ဂေဟာရှိကလေးများကတော့ မိုးရွာနေ၍ အပြင်ထွက်ကာ မကစားနိုင်သောကြောင့် ဟောခန်းထဲတွင် စုဝေးထိုင်ကာ မိုးတိတ်မည့်အချိန်ကို စောင့်ကြည့်နေကြသည်။ ထိုကလေးအုပ်စုထဲတွင်တော ဂျီမင်းမပါဝင်ပေ။
ဂျီမင်းသည် ဂေဟာကိုစရောက်သည့် အချိန်ကတည်းက တစ်ယောက်တည်းသာ သီးသန့်နေခဲ့သည်။ အခြေအနေအားလုံးကို နားလည်သော်ငြား ချစ်ရသူများသည် အနားမှ ထွက်ခွာသွားကြသည်ဆိုသည့် အတွေးသည် ၆နှစ်အရွယ်ကလေးတစ်ယောက်အတွက်တော့ စိတ်ဒဏ်ရာတစ်ခုအနေနှင့် ရှိနေနိုင်လေသည်။ ထို့ကြောင့် ဂျီမင်းသည် သူငယ်ချင်းတောင် မထားပါပဲ တစ်ယောက်တည်းသာလျှင်…
ကျွန်တော် ကျွန်တော့အခန်းထဲတွင်သာ ထိုင်နေရင်း တခြားသောကလေးများကဲ့သို့ပင် မိုးရွာနေသည့် မြင်ကွင်းကို ပြတင်းပေါက်မှတစ်ဆင့် ကြည့်နေခဲ့သည်။ ထို့နောက်တွင် တံစက်မြိတ်မှ တစ်စက်ချင်းကျနေသည့် မိုးရေစက်ကလေးများကို တွေ့လိုက်သည်မလို့ ကျွန်တော်လည်း စာကြည့်စားပွဲပေါ်သို့တက်လိုက်ပြီး မိုးရေစက်ကလေးများကို လက်ကလေးတွေနဲ့ ခံနေမိသည်။ ထိုစဥ် ကျွန်တော့ခေါင်းထဲသို့ အတွေးတစ်ခုရောက်လာပြီး စားပွဲပေါ်မှ အမြန်ဆင်းကာ ကုတင်အောက်မှ သိမ်းထားသည် ပစ္စည်းများအား ထုတ်ယူကြည့်မိသည်။
ကျွန်တော့ရဲ့ ပန်းချီပစ္စည်းလေးတွေ ဒီရောက်တဲ့အချိန်ကစလို့ သိမ်းထားတာ ၃လလောက်ရှိပြီထင်တယ်။ ဂေဟာကို ရောက်ပြီး သိပ်မကြာလိုက်ဘူး ကျွန်တော့နာမည်နဲ့ ရောက်လာခဲ့တာ။ ဘယ်သူပို့လိုက်လဲ မသိပေမဲ့ ပါးရဲ့အသိတွေထဲက တစ်ယောက်လို့ပဲ ကျွန်တော်မှတ်လိုက်ပါသည်။ အတွေးတွေကို လက်စသတ်လိုက်ပြီး Canvasကို ထုတ်ပြီး Easelပေါ်သို့တင်ကာ စောနကမြင်ကွင်းအား စတင်ဆွဲလိုက်တော့သည်။
ŞİMDİ OKUDUĞUN
The Truth Untold