Chapter 12

87 17 2
                                        

Unicode

မနေ့က တစ်နေကုန်လုံး ပင်ပန်းနေတာကြောင့်ရော အခန်းပစ္စည်းများနေရာချရတာရော ပေါင်းကာ ပင်ပန်းပြီး တော်တော်လေး အိပ်ပျော်နေသည်။ သို့သော် တစ်စုံတစ်ယောက်၏ တံခါးခေါက်သံ ပြင်းပြင်းကြောင့် နိုးလာရတော့သည်။

နာရီကိုကြည့်လိုက်တော့ ၇နာရီကျော်ကျော်ဖြစ်နေပြီ။ တော်တော်လေး အိပ်ပျော်သွားတာပဲဟု တွေးလိုက်မိသည်။ ထို့နောက်တွင် တံခါးခေါက်သံသည် ပိုပြင်းလာကာ အသံတစ်ခုပါ ကပ်ပါလာသည်။

ပင်ပန်းမှုကြောင့် အိပ်ချင်နေသေးပြီး အပြည့်အဝမနိုးသေးတာကြောင့် အသံကတော့ ဝိုးတဝါး။ ဘာပဲဖြစ်ဖြစ် ဘယ်သူလဲသိအောင် တံခါးသွားဖွင့်ရမည်ဟု တွေးကာ ထသွားလိုက်တော့သည်။

အခန်းတံခါးရှေ့ရောက်တော့ ချက်ချင်းမဖွင့်သေးပဲ တံခါးပေါ်ရှိ မှန်ပြောင်းမှတစ်ဆင့်ကြည့်လိုက်သေးသည်။ သတိဆိုသည်  ပိုသည်မရှိ။ အရပ်မြင့်မြင့် ကိုယ်လုံးကိုယ်ထည်တောင့်တောင့်နှင့် သူတစ်ယောက်။ အစ်ကိုဟိုဆော့များလားဆိုသည့် အတွေးဖြင့် တံခါးအားဖွင့်ပေးလိုက်သည်။

တံခါးဖွင့်လိုက်ချိန် မြင်လိုက်ရသည့် ထိုသူသည် အစ်ကိုဟိုဆော့မဟုတ်။ ဒါဆို မည်သူနည်း။ ကျွန်တော့်အသိလို့ ပြောရအောင်လည်း ကျွန်တော်က ဒီနေ့မှ ပါရီကို စရောက်တာကို။

"Bonjour, n'est-ce pas la chambre numéro 1014?"
(ဟယ်လို ဒါက အခန်းနံပါတ် 1014မဟုတ်ဘူးလား)

"Non, c'est le 1013."
(မဟုတ်ပါဘူး ဒါကအခန်း 1013ပါ)

"Je suis vraiment désolé si je te dérange. J'ai frappé à la mauvaise porte."
(အနောက်အယှက်ပေးမိရင် တောင်းပန်ပါတယ်။ ငါအခန်းတံခါးမှားခေါက်မိသွားတာ)

"C'est bon. Cela arrive parfois."
(ရပါတယ်။ တစ်ခါတလေဖြစ်တတ်တာပဲ)

"Alors, je vais y aller. Désolé encore de déranger votre temps de sommeil"
(ဒါဆို ငါသွားတော့မယ်နော်။ မင်းရဲ့အိပ်ချိန်တွေကို နှောက်ယှက်မိလို့ ထပ်ပြီးတောင်းပန်ပါတယ်)

"Oui"

ထို့နောက် ထွက်သွားကာ ဘေးခန်းထဲသို့ ဝင်သွားသည့် ထိုသူအားကြည့်ကာ ရင်းနီးနေသည့် ခံစားချက်က ရင်ထဲဝင်ရောက်လာသည်။ သို့သော်လည်း အမှတ်တမဲ့သာ ထားလိုက်သည်။

The Truth UntoldWhere stories live. Discover now