Chapter 20

64 11 2
                                    

Unicode

နမ်ဂျွန်းခရီးထွက်သွားပြီး နောက်တစ်ရက်

ဂျီမင်းသည် ထုံးစံအတိုင်းပင် မနက်ကျောင်းသွားဖို့ ပြင်ဆင်နေသည်။ အဝတ်အစားလဲနေစဥ်မှာပင် စာပို့ကြိုးသွယ်ထားသည့် ခေါင်းလောင်းလေးမှ အသံမြည်လာသည်မလို့ အမြန်သွားကာ စာအားယူဖတ်လိုက်သည်။ နောက်ပြီး ထုံံးစံအတိုင်းပင် သစ်သားသေတ္တာလေးထဲထည့်ကာ သိမ်းထားလိုက်သည်။

ညနေကျောင်းဆင်းချိန်ရောက်တော့ ပထမရက်ကဲ့သို့ပင် ဘတ်စ်ကားစီးပြီး အိမ်နားရှိ ဂိတ်တွင်ဆင်းကာ နေထိုင်ရာတိုက်ခန်းအထိ လမ်းလျှောက်ပြန်လာခဲ့သည်။

တိုက်ခန်းရှေ့သို့ရောက်တော့ သတိမထားမိပဲ ဘေးခန်းသို့အကြည့်တို့ရောက်သွားခဲ့သည်။ သော့ခတ်ထားသည့် အခန်းလေးအားမြင်တာကြောင့် မနေ့ညနေက ခရီးထွက်သွားလိုက်သည်ကို သတိရသွားကာ ကိုယ့်အခန်းကိုယ်သာ ဝင်ခဲ့လိုက်တော့သည်။

နောက်နေ့များတွင်လည်း မနက်ခင်းတိုင်းတွင် အာဒမ်ဆီမှ စာများသည် ပုံမှန်ရောက်ရှိလာသည်။ အာဒမ်သည် စာထဲတွင် ထူးထူးခြားခြားသိပ်မရေးတတ်။ များသောအားဖြင့်ကျွန်တော်နှင့် ပတ်သက်သည့် အကြောင်းများကိုသာ ထည့်မေးတတ်သည်။

သို့ပေမဲ့ ရယ်ရတာတစ်ခုက အာဒမ်ထံ ကျွန်တော်သည် ပြန်စာများ မပေးနိုင်ခဲ့။ တစ်ခါသာလျှင် အစ်ကိုဟိုဆော့ထံမှတစ်ဆင့် ပေးခဲ့ဖူးသည်။ ထိုနောက်ပိုင်းများတွင် ကြုံသလို ထည့်ပေးတတ်သော်လည်း ကျွန်တော့်ဆီသို့သာ တစ်ဆင့်ပြန်ရောက်လာတတ်သည့် စာလွှာများကြောင့် ကျွန်တော်သည် နောက်ပိုင်းစာမရေးဖြစ်တော့။

အာဒမ်ဆီမှစာများကိုသာ မျှော်နေခဲ့မိသည်။ မသိစိတ်တွင်လည်း အာဒမ့်၏ စာလွှာများကို မျှော်နေတတ်သလို ဘေးခန်းက အစ်ကို နမ်ဂျွန်းကိုလည်း တမ်းတနေမိပြန်သည်။ ထိုသို့သော ခံစားချက်ကို ကျွန်တောသည် အမည်မတတ်တတ်ခဲ့။

တွေ့နေမြင်နေရသည့် လူတစ်ယောက်ကို မတွေ့လိုက်ရတော့လို့ ကွက်လပ်တစ်ခုလိုဖြစ်သွားသည့် ခံစားချက်လို့ ပြောရမလား။ ဟာတာတာနှင့် တစ်နေ့တာတွင် တစ်ခုခုလိုအပ်နေသလိုပင်။ သို့ပေမဲ့လည်း ထိုခံစားချက်တို့ကို လျစ်လျူရှုခဲ့လိုက်မိသည်။

The Truth UntoldHikayelerin yaşadığı yer. Şimdi keşfedin