Chapter 15

68 12 4
                                    

Unicode

၁၉၃၉ခုနှစ် ဇွန်လ၊ ပြင်သစ်နိုင်ငံ၊ ပါရီမြို့

နမ်ဂျွန်းပြင်သစ်သို့ရောက်နေတာ ၂နှစ်နီးပါပင် ရှိပြီဖြစ်သည်။ ရောက်စကတော့ ဦးလေကြီးတို့ အိမ်တွင်နေဖြစ်ပေမဲ့ သိပ်မကြာလိုက် နမ်ဂျွန်းမိခင်၏ နေအိမ်သို့ ပြောင်းလိုက်သည်။

သို့သော် အိမ်သည်သိပ်မဝေးပေ။ ဦးလေးကြီး၏ အိမ်နှင့် ၂အိမ်ကျော်မှာပင်။ အခုရောက်ရှိသည့် နှစ်နှစ်အတွင်းတွင်တော့ ဦးလေးကြီးကျေးဇူးကြောင့် ပြင်သစ်နှင့် ပါရီအကြောင်းကိုလည်း တော်တော်လေးပင် သိနေခဲ့ပြီဖြစ်သည်။ ပါရီကိုလည်း အများကြီးသဘောကျလာသည်။

ဒီနေ့ကတော့ ဘယ်ကိုမှမသွားဖြစ်တာမလို့ နမ်ဂျွန်းခြံထဲတွင်သာ ဆော့နေသည်။ ထိုစဥ် ခြံရှေ့သို့ ဂျစ်ကားတစ်စီးဆိုက်လာပြီး တစ်ခါမှ မမြင်ဖူးသည့် ဝတ်စုံပြည့်နှင့် ဦးလေးကြီး ၂ယောက် ဆင်းလာပြီး ခြံထဲသို့ ဝင်လာသည်။ နမ်ဂျွန်းသိပ်ပြီး အာရုံမထားပဲ ကိုယ့်ကိုယ်သာ ဆက်ဆော့နေလိုက်သည်။

အချိန်တော်တော်ကြာတော့မှ ထိုဦးလေးကြီးများက ပြန်ထွက်လာသည်။ ထိုဦးလေးကြီးများ ထွက်သွားတော့ နမ်ဂျွန်းလည်း အိမ်ထဲသို့ ဝင်သွားလိုက်သည်။ အိမ်ထဲရောက်တော့ နမ်ဂျွန်းသည် ဧည့်ခန်းထဲတွင် ငိုနေသည့် အန်တီပတ်နှင့် နှစ်သိမ့်ပေးနေသည့် သူ၏မား ထို့နောက် မျက်နှာမကောင်းသည့် ဦးလေးကြီး။

ဘာကိစ္စရှိသည်မသိပေမဲ့ ကလေးအတွေးနှင့်ပင် တစ်ခုခုဆိုတာကိုတော့ နမ်ဂျွန်းသိလိုက်သည်။

နေ့လည် ထမင်းစားစားပွဲတွင်လည်း အားလုံးသည် မျက်နှာမကောင်းတာကို ဉာဏ်ထက်သည့် နမ်ဂျွန်းက ရိပ်စားမိသည်။ ထို့ကြောင့် ဂျီမတိုက်ပဲ ငြိမ်ငြိမ်လေးသာ နေ့လည်စာကို စားနေလိုက်သည်။ လူကြီးများကလည်း တိတ်ဆိတ်နေပြီး စားစရာများကို တို့ခနဲ ဆိတ်ခနဲသာ။ ထိုအခြေအနေသည် အပ်ကျသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်လွန်းသည်။

ထိုလေထုအား ဦးလေးကြီးဆိုသူက စကားစကာ ဖျက်ဆီးလိုက်သည်။

"ကင်မ်က ကောင်းကောင်းစားနေတာပဲ ကြီးလာရင် အမျာကြီး အားသန်တဲ့ ကင်မ်ဖြစ်လာမှာပဲ"

The Truth UntoldWhere stories live. Discover now